Part (19)

4.1K 163 0
                                        

မကို ချစ်လို့

🌸pann

Part ( 19 )

အိမ်ရှေ့ ကားရပ်သံ ကြားသည်နှင့်...နှင်းပွင့်အိမ် မီးဖိုချောင် အခန်းထဲမှ...ထွက်ကြည့်တော့

မောင်~~~

"...မောင်...မောင့်..."

ဟိဏ်းသစ် ကားပေါ်မှ ဆင်းဆင်းချင်း...အိမ်ထဲမှ အပြေးတပိုင်း ပြေးထွက်လာတဲ့...နှင်းပွင့်အိမ် ကို ငေးကြည့်နေတုန်း...ဂုတ်ကို လှမ်း ဖက်ခံထားလိုက်ရပြီ...

နှင်းပွင့်အိမ် ခြေဖျားလေး ထောက်ကာ...ဟိဏ်းသစ် ၏ လည်ဂုတ်ကို တွယ်ဖက်ထားလေတော့...ဟိဏ်းသစ် လည်း နှင်းပွင့်အိမ် ခါးသွယ်သွယ် လေးကို ပြန်ပြီး ဖက်ထားရင်း..

"...မ...ဘာဖြစ်လို့လဲ..."

"...မောင် မ ကို စိတ်ဆိုးပြီး ထွက်သွား ပြီ ထင်နေတာ..."

"...မောင်က ဘယ်ကို ထွက်သွား ရမှာလဲ...မရဲ့..."

"...မနဲ့ အဝေးဆုံးကိုလေ..."

"...မထွက်သွားပါဘူး...မရဲ့..."

"...တကယ်လား..."

နှင်းပွင့်အိမ် ဟိဏ်းသစ် ကို တွယ်ဖက်ထားရင်း
မျက်နှာချင်းဆိုင် အနေအထား ပြောင်းပြီး...ဟိဏ်းသစ် ကို ရွှင်ရွှင်ဆာဆာ ကြည့်နေတော့...

"...တကယ်ပေါ့ မရဲ့..."

"............"

နှင်းပွင့်အိမ် ပြုံးကာ...ဟိဏ်းသစ် ကို ပြန်ဖက်တွယ်ထားသည်...

ဟိဏ်းသစ် လည်း အပြုံးတွေ ဝေဆာ နေရပြီ....

တစ်ခါတလေ အချစ် ဆိုတဲ့ အရာကြီးက...လူကို အရူး ဖြစ်စေသည်လေ~~~

"...မောင်...လာ...အိမ်ထဲ ဝင်ရအောင်..."

ဟိဏ်းသစ် လက်ကို...ဆွဲကာ...အိမ်ထဲ ကို ခေါ်သွားသည် .

"...မောင်...မနက်စာ စားပြီးပြီလား..."

"...ဟင့်အင်း...မစားလာဘူး..."

"...မောင်...ဘာစားမလဲ...ထမင်းစားမလား...ကော်ဖီ သောက်မလား..."

"...ဘာမှမစားသေးဘူး...မ ကို မောင် ပြောစရာ ရှိလို့..."

"...ဟုတ်...မောင်...ဘာပြောမလို့လဲ ဟင်..."

"...ဟိုတလောက မောင့်ပုံ တွေ...အင်တာနက် မှာ အရမ်း ပျံ့ သွားတာလေ..အာ့...မ...သိတယ် မလား..."

မကို ချစ်လို့ ( Unicode) Onde histórias criam vida. Descubra agora