Part (22)

4.9K 165 0
                                        

မကို ချစ်လို့

🌸ပန်းခြယ်ရီ

Part ( 22 )

ဖုန်းပြောပြီး ထိတ်ထိတ်လန့်လန့် ဖြစ်သွားတဲ့ သမီး ဖြစ်သူကို ဒေါ်သီတာ စိုးရိမ်စွာဖြင့်..သမီး ရဲ့ ပခုံး လေးကို ဖွဖွလေး ကိုင်လိုက်ပြီး...

"...ဘာဖြစ်လို့လဲ...သမီး..."

"...ရှင်..."

အသိ ပျောက်နေရာမှ မိခင်ဖြစ်သူ စကားပြောမှ....အသိဝင်ကာ....ဆေးရုံ သွားဖို့ ပြင်ရသည်...

ယောက်ယက်ခတ် လျှောက်သွားနေတဲ့ သမီး ကို ကြည့်ပြီး...စိတ်တွေ လှုပ်ရှားလာလို့ သမီး ဖြစ်သူရဲ့ လမ်းကို ပိတ်ကာ...လက်ဆွဲ မေးရတော့သည်...

"...ဟဲ့...ဘာဖြစ်လို့လဲ လို့..."

"...အမေ..မောင်...မောင်လေ...ကား အက်စီးဒင့် ဖြစ်လို့...အခု အရေးပေါ် အခန်းထဲ ရောက်နေတယ်တဲ့..."

"..ရေ..."

ဒေါ်သီတာ အံ့သြ ရပြီ....

"...သမီး လိုက်သွားလိုက်ဦးမယ်နော်..."

"....ရရဲ့လား...သမီးရဲ့...အမေပါ လိုက်ခဲ့မယ်လေ..."

"...အမေက အိမ်မှာပဲ စောင့်နေနော်....သမီး အိမ်စောင့်ဖို့ လူ ခေါ်ပေးထားမယ်နော်...တံခါး သေချာ ပိတ်နော်...သမီး လည်း အခြေအနေ ကြည့်ပြီး စောစော ပြန်လာမယ်နော်...တကယ်လို့...တကယ်လို့လေ...မောင်...မသက်သာဘူး ဆိုရင်...သမီး စောင့်နေဦးမယ်နော်...နော်...အမေ..."

နှင်းပွင့်အိမ် အသံ တွေပါ...တုန်ခါနေပြီ~~~

ငိုသံ တစ်စွန်းတစ်စ ကပ်ပါလာသည်....

"....အမေ...သမီး စိတ်ချမယ်နော်...သမီး ဘာသာ ပဲ အရင် သွားလိုက်ဦးမယ် နော်..."

"...အေးအေး...ဖြေးဖြေး လေး မောင်းသွားဦးနော်...စိတ်ကို လျှော့ထား...သား...ဟိဏ်းသစ် ဘာမှ ဖြစ်မှာ မဟုတ်ဘူး နော်...စိတ်ကို ထိန်းပြီး ကား ဖြေးဖြေး မောင်းနော်..."

"....ဟုတ်...အမေ...သမီး သွားလိုက်ဦးမယ်..."

"...အေးအေး..."

နှင်းပွင့်အိမ် ကားဆီသို့ လမ်းလျှောက် မသွားနိုင်....ပြေးသွားပြီး ကားမောင်း ထွက်သွား သည်...

မကို ချစ်လို့ ( Unicode) Donde viven las historias. Descúbrelo ahora