မကို ချစ်လို့
🌸pann
Part ( 9 )
စနေနေ့ ရောက်လာပြန်ပြီ~~~
မ...ကို ဘယ်လို ပုံစံ နဲ့ တွေ့ရမလဲ...မသိဘူး~~~
ဒီနေ့ မနက်တော့ ဖုန်းဆက်မနှိုးပါလား...
ဘာများ ဖြစ်နေလို့ပါလိမ့်~~~
မရေ~~~
ကြာရင် မ...စိတ် နဲ့ ရူးမလား...မသိ~~~
ဟိဏ်းသစ် အိပ်ယာထဲ မှ ထကာ...မျက်နှာသစ် သွားတိုက် တစ်ကိုယ်ရေသန့်ရှင်းမှု ကို...တစ်ပြိုင်နက်တည်း လုပ်လိုက်သည်....။
.
ဒီနေ့...ထက်မြက် တဲ့ မိန်းကလေး လို ပြင်ဆင်ကြည့်မယ်...~~~
".....ထက်မြက် တဲ့ မိန်းကလေး က အနီရောင် တွေ ကြိုက်တယ်....ဆိုတော့..."
နှင်းပွင့်အိမ်....အထဲက စပို့ရှပ် အဖြူ ရောင် ကို မြုပ် ဝတ်ကာ အနီရောင် ကုတ် အကျီ င်္လက်ရှည်...
အနီရောင် စတိုင်လ်ပင် ဘောင်းဘီ ရွေးဝတ်လိုက်သည်....။ပြီးလျှင် အနီတောက်တောက် ရှူ းဖိနပ် ဒေါက် ကို စီးလိုက်သည်...။
"..ပြီးပြည့်စုံပြီ...အပြင် သွားဖို့ပဲ ကျန်တယ်..."
နှင်းပွင့်အိမ် ပြင်ဆင် ပြီး...အခန်းထဲက ထွက်လာတော့~~~
"...နှင်းပွင့်...တစ်ကိုယ်လုံး အနီရောင် ဝတ် ထားတာ...ဘယ်သွားမလို့လဲ နင်က..."
"...အနီရောင် က ထက်မြက် တဲ့ မိန်းကလေး အသွင် ဆောင်တယ် တဲ့...အမေရဲ့..."
"...ဘာ ထက်မြက် တာလဲ...လုပ်လိုက်ရင် အရာရာနဲ့ အကြောင်းကြောင်း တလွဲတချော် တွေများ..."
"...အလုပ်မှာတော့ တော်ပါတယ်..."
"...အခု မန်နေဂျာ ရာထူး...မရခင်...ဘယ်လောက် ဒုက္ခ များခဲ့လဲ နင် အသိဆုံး နေမှာပေါ့..."
ဟုတ်တော့ ဟုတ်ပါသည် လေ~~~
အလုပ်ဝင်ဝင်ချင်း...မှားလိုက်တဲ့ အမှား~~~
ဆူခံလိုက်ရတဲ့ နေ့...တစ်ရက်မှ အဆူမခံရတယ် ကို မရှိခဲ့ဘူး~~~
ကိန်းဂဏန်း ခဏခဏ လွဲရေးလို့...ပြဿ နာ တက်ခဲ့ပေါင်းလည်း မနည်းခဲ့ဘူး~~~
BẠN ĐANG ĐỌC
မကို ချစ်လို့ ( Unicode)
Lãng mạnမိန်းကလေး ဆိုတာ.. အသုံးအဆောင် ပစ္စည်း တစ်ခု..ပါလို့ သတ်မှတ်ထားတဲ့ မောင်.. မကိုရော အသုံးအဆောင် ပစ္စည်း လို့ သတ်မှတ်ထားလေမလား.. မ စိုးရိမ်နေမိတယ် မောင်.. မ အသည်းကွဲမှာ ကြောက်နေမိတယ် မောင်ရယ်.. နှင်းပွင့်အိမ်... မ..မရဲ့အချစ်စစ် အချစ်မှန် ကို မောင် ဘယ်ခ...