မကို ချစ်လို့
🌸pann
Part ( 12 )
"...သက်ထားရေ...သက်ထား..."
"...ရေ့...လာပြီ..."
သက်ထား...မီးဖိုချောင် ခန်းမှ လက်သုတ်ဝတ် လေး ကိုင်ရင်း...အိမ်ရှေ့ သို့ ထွက်လာသည်...
"...အော်...ဘယ်သူများလဲလို့...ညည်းကို..."
"...ငါ့ကို အဲ့လို ကြိုဆိုမှု ရှိတာ..."
"...လာ...ထိုင်တော်မူပါဦး..."
"...ထိုင်မှာပါတော်..."
နှင်းပွင့်အိမ် လည်း...ဧည့်ခန်း က ထိုင်ခုံ မှာ ဝင်ထိုင်နေလိုက်သည်...။
"..ပြောပါဦး...ဟို ညက ဘယ်သွား..."
"...ရှိုးပွဲ...ဟီး.."
"...ဘယ်သူနဲ့ သွားတာလဲ..."
"...မောင် နဲ့..."
"...ဘယ်က မောင် လဲ..."
"...မိဘမဲ့ ကျောင်း တုန်းက ငါ့ကို လိုက်ပို့တဲ့ တစ်ယောက် လေ..."
"...အဲ့ တစ်ယောက် လား...အရပ်ရှည်ရှည်နဲ့ အသားဖွေးဖွေး တစ်ယောက်..."
"...အင်း...ဟုတ်တယ်လေ..."
"...အခုထိ မောင် လို့ ခေါ်တုန်းလား..."
"...ဘာဖြစ်လို့လဲ..."
"...ဟဲ့..."
သက်ထား နှင်းပွင့်အိမ် ပခုံး ကို ရိုက်ပစ်လိုက်သည်...
"...အာ့...ဘာဖြစ်တာလဲ..."
"...သူက နင်နဲ့ သူစိမ်း လေ...မိန်းကလေး ဖြစ်ပြီး မောင် . မောင် နဲ့ ခေါ်နေတာ...နင် မရှက်ဘူးလား...ဟင်..."
သက်ထား... စကားပြောနေရင်းကို နှင်းပွင့်အိမ် ဗိုက် ကို ဆွဲလိမ်နေတော့~~~
"...အာ့...နာတယ်...မောင် က ငါ့ရဲ့ မောင် ဖြစ်သွားပြီ...မောင် က သူစိမ်း မဟုတ်ဘူး...အာ့..."
"...ဘာ..."
သက်ထား နှင်းပွင့်အိမ် စကားကြောင့်...နှင်းပွင့်အိမ် ဗိုက်ကို လိမ်ဆွဲနေရာမှ လွှတ်ပြီး...မျက်လုံး လေး ကလယ်ကလယ် နှင့်..နှင်းပွင့်အိမ် ကို ကြည့်နေသည်...။
နှင်းပွင့်အိမ်လည်း...ဘယ်ဘက် ပေါင် ပေါ် ညာဘက် ခြေထောက် တင် ချိတ်ထိုင်ကာ...မျက်နှာ က အောင်နိုင်သူ ကြီးလို လုပ်နေတော့~~~
ВЫ ЧИТАЕТЕ
မကို ချစ်လို့ ( Unicode)
Любовные романыမိန်းကလေး ဆိုတာ.. အသုံးအဆောင် ပစ္စည်း တစ်ခု..ပါလို့ သတ်မှတ်ထားတဲ့ မောင်.. မကိုရော အသုံးအဆောင် ပစ္စည်း လို့ သတ်မှတ်ထားလေမလား.. မ စိုးရိမ်နေမိတယ် မောင်.. မ အသည်းကွဲမှာ ကြောက်နေမိတယ် မောင်ရယ်.. နှင်းပွင့်အိမ်... မ..မရဲ့အချစ်စစ် အချစ်မှန် ကို မောင် ဘယ်ခ...
