မကို ချစ်လို့
🌸pann
Part ( 18 )
"...မောင်..."
"...ပြန်ကြရအောင်...မ..."
"...အင်း.."
ဟိဏ်းသစ် မျက်နှာညိုးကာ ရှေ့က ဦးဆောင် သွားနေတော့...
နှင်းပွင့်အိမ်...အခုမှ နောင်တ ရနေပြီ...
အရင်က ဘယ်လိုပဲ နေခဲ့ နေခဲ့...ဘယ်သူ့အပေါ်မှ ကိုယ့်အပြုအမူ က တစ်ပါးသူကို မထိခိုက်ပေမယ့်...
အခုတော့ ကိုယ့်ရဲ့ အပြုအမူ ကြောင့်....ထိခိုက်လာရမယ့် သူ ရှိလာပြီ ဆိုတာကို...သတိထားရတော့မည်....
မ....မ ကြောင့်သာ မဟုတ်ရင် မောင်...အခုဆို ပွဲ ကြမ်းပြီးနေလောက်ပြီ...
ကျွန်တော် မလုပ်ရက်ဘူး...
ကျွန်တော့် ကြောင့် မ စိတ်ညစ်သွားရမှာ အရမ်း ကြောက်နေမိတယ်..မရယ်...
မရဲ့ ဂရုစိုက်မှု ကို အမြဲ လိုချင်တာ...
မသာ ဂရုမစိုက် ဘဲ နေရင်...မောင် ဘယ်လို နေရမလဲ တောင် မသိတော့ဘူး...
မရဲ့ ဂရုမစိုက် ဘဲ နေတာတောင်...မောင် မနေတတ်ရင်...မရဲ့ အဝေးမှာ ဆိုရင် မောင် ဘယ်လို နေနိုင်မှာလဲ...မရယ်...
အာ့ ဘာဖြစ်လို့လဲ ဆိုတာ...မ သိလား...
အာ့...မောင်...မ ကို သိပ်ချစ်လို့ ပဲ...
ဟိဏ်းသစ် နှင့် နှင်းပွင့််အိမ် ဘာစကားမှ မပြောဘဲ...တိတ်ဆိတ် ငြိမ်သက်စွာ နေနေကြသည်...
"...မ...မောင်...ပြန်တော့မယ်..."
"...ဖြေးဖြေး မောင်းပြန်နော်..."
"........."
ဟိဏ်းသစ် စကားမပြောဘဲ...ခေါင်းသာ ငြိမ့်ပြီး ကားမောင်း ထွက်ခဲ့သည်...
"...သမီး...ဒါ ညည်း ဘယ်လို ဖြစ်တာလဲ..."
"...အမေ့ ဟို..."
နှင်းပွင့်အိမ် စကားပြောနေရင်း...အသံ တွေ တုန်ရီလာကာ ရင်ထဲ ဆို့နစ် လာသည်...
"...သမီး..."
စကားပြောနေရင်း...ငိုသံ သဲ့သဲ့ လေးက ကပ်ပါလာတော့...
"...သမီး...ဘာဖြစ်တာလဲ...ဘာဖြစ်လို့လဲ...သားက သမီး ကို ဘာလုပ်လို့လဲ...ဟမ်...ဟိုက ဘာပြောလိုက်လို့လဲ...ငါမေးနေတယ်လေ..."
YOU ARE READING
မကို ချစ်လို့ ( Unicode)
Romanceမိန်းကလေး ဆိုတာ.. အသုံးအဆောင် ပစ္စည်း တစ်ခု..ပါလို့ သတ်မှတ်ထားတဲ့ မောင်.. မကိုရော အသုံးအဆောင် ပစ္စည်း လို့ သတ်မှတ်ထားလေမလား.. မ စိုးရိမ်နေမိတယ် မောင်.. မ အသည်းကွဲမှာ ကြောက်နေမိတယ် မောင်ရယ်.. နှင်းပွင့်အိမ်... မ..မရဲ့အချစ်စစ် အချစ်မှန် ကို မောင် ဘယ်ခ...