Part (20)

4.3K 150 0
                                        

မကို ချစ်လို့

🌸pann

Part ( 20 )

"...ဟာကွာ...တောက်..."

ဒုတ်~~~

ဟိဏ်းသစ် လမ်းလျှောက်ရင်း...ခုံနဲ့ တိုက်မိတော့...စိတ်တိုတိုဖြင့် တစ်ချက် ကန်လိုက်သည်...

"...ဟျောင့်...ဘာဖြစ်နေတာလဲ...မင်း ရောက်ကတည်းက အလွဲလွဲ အမှားမှား ချည်း...ခုလည်း ဘာဖြစ်ပြန်ပြီလဲ..."

"...ခုံကိုက ငါနဲ့ လွတ်လွတ်ကျွတ်ကျွတ် မှ.. မဟုတ်တာ...လာတိုက်နေတယ်..."

"...မင်း ရှောင်ပါလားကွ...ခုံတွေကို အခုလို ကြတ်ကြတ်ကန်...ပျက်စီး လို့ ပြန်ဝယ်ရရင်...ဘားဂျက် ထိတယ်ကွ..."

"...ငါ့ငွေ နဲ့ ငါပြန်ဝယ်ပေးမယ်ကွာ..."

"...နန္ဒ ပြောမနေနဲ့....ဒီကောင့်ကို လွှတ်ထားလိုက်ပါကွာ...ဒီ ပုံစံ အတိုင်းဆို သူ့ မ နဲ့ ဘာဖြစ်လာပြန်ပြီလဲ မသိဘူး..."

"...သိတယ်...သူ့ မ နဲ့ ဖြစ်တိုင်း...ဆိုင်က ပစ္စည်း တွေ မဲ လုပ်နေတာ....ကြာရင် မလွယ်လို့ဟေ့...ပြောပါဦး မင်းရဲ့မ နဲ့ ဘာဖြစ်လာတာလဲ...ဘာဖြစ်ကြတာလဲ..."

နန္ဒ နှင့် ရန်နိုင် ဟိဏ်းသစ် ၏ မျက်နှာချင်းဆိုင် မှာ ဝင်ထိုင်နေကြသည်...

"...မင်းတို့ပဲ စဉ်းစားကြည့်..."

"...အေး...မှန်တယ်လေ..."

"...ရန်နိုင်...မနောက်နဲ့ကွ...ဒီက တင်းနေတာ..."

"...ရန်နိုင်ရယ်...မစနေနဲ့...ပြော...ဘာဖြစ်တာလဲ.."

"...သူ့အလုပ်က သူနဲ့ သက်တူ ရွယ်တူ ကို...ကို တပ်ခေါ်ပြီး ခေါ် ခေါ်နေတာလေ..."

"...အင်း...အဲ့တော့..."

"...ဘာ အဲ့တော့လဲ...အဲ့ အကြောင်းလေ..."

"...မင်းရဲ့မ က ' ကို ' တပ် ခေါ်တာကို ပြောနေတာလား..."

"...အေးလေ..."

"...အာ့...ပြဿ       နာလား..."

"...ဟာ...ဟုတ်ပါတယ် ဆိုကွာ..."

"...ဒုတ်ခေါ ပဲ... ' ကို ' တပ်ခေါ်တာ ဆန်းသလားဟ..."

"...ဟ...ဆန်းတယ်ကွ...ဆန်းတယ်...သက်တူရွယ်တူပဲ လေကွာ...အာ့ ' ကို ' တပ်ခေါ်တယ်..."

မကို ချစ်လို့ ( Unicode) Dove le storie prendono vita. Scoprilo ora