ကျောခိုင်းမပါနဲ့..
🌸pann
Part (1)
" နှင်းရေ..နှင်း "
" နှင်း ဒီမှာ "
" သမီးလေး အိပ်နေတာလား. "
" ဟုတ်တယ် အခုလေးတင် မှ အိပ်ပျော်သွားတာ "
" သားက သမီးလေးကို သွားကြည့်ရအောင် ဆိုလို့ လာတာ အခု သမီးလေးက အိပ်ပျော်နေတယ် သားရေ..နောက်မှ လာကြည့်ရအောင်နော် "
" ဒီဒီး.. "
" ဒီဒီး က အိပ်ပျော်နေတယ် သားရဲ့ "
" ဒီဒီးယေ တိုတို ရာဒယ်ယေ "
" သားက သမီးလေးကို အရမ်းသံယောဇဉ် ရှိနေတာ နှင်းရေ..နေ့တိုင်း သမီးလေးကို လာကြည့်ချင်နေတာ လာမတွေ့ရရင် အရမ်းဂျီ ကျ လွန်းတယ် "
" ဟုတ်လား သား..ဒီဒီးလေးကို ချစ်လား "
" အွင်း..ချစ်သယ် "
" ကြီးလာကျရင် ညီမလေးကို စောင့်ရှောက်ပေးရမယ်နော် "
" အွင်း အွင်း "
" သား မေမေ့ကိုပြော.. သမီးလေး ကို လက်ထပ်မယ် မလား "
" အွင်း အွင်း.. "
" ခ်ခ်..နှင်းရေ ပြောပြီးသားနော် အခုကတည်းက နှင်း သမီးလေးနဲ့ ပန်းဖြူ သား နားဖောက်ပြီးသားနော် နောက်မှ သမီးလေးကို တခြားသူနဲ့ မပေးပစ်နဲ့ ဒို့က ကြိုတင် ဘိုကင် ချိတ်ပြီးသား "
" နှင်းကလည်း သား ဘုန်းခန့် ကို သားအရင်းတစ်ယောက်လို ချစ်တာပါ သမီးလေး မမွေးခင်ကတည်းက သားကိုပဲ ထိန်းလာရတာကို ဒီသားလေးကို နှင်း အပိုင်ရအောင် သမီးလေးနဲ့ ပဲ ပေးစားမှာ "
" တကယ်နော်.. "
" တကယ် "
လူကြီးတွေရဲ့ နှုတ်ကတိ ကတော့ တစ်ယောက်နဲ့တစ်ယောက် ပေးကြပြီးပြီ ။
ဖြစ်လာ မဖြစ်လာဖို့က သားနဲ့ သမီး အပေါ်မှာပဲ မူတည်တယ်.. ။
" ဒီဒီးက တားတား နီမလေး နော် "
" ဟုတ်ပါတယ် ရှင်..သားသားရဲ့ ညီမလေးပါရှင့် "
" ဒီဒီးယေး အာပွား.."
![](https://img.wattpad.com/cover/211716256-288-k460229.jpg)
YOU ARE READING
ကျောမခိုင်းပါနဲ့ (Zawgyi)
Romance" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သမီးက နုနုထွတ်ထွတ် နဲ့ချောမောလှပနေတာကို သူ့လိုဝက်နဲ့ ပေးစားစရာ လိုလို့လား မေမေ မနှမြောဘူးလား အမေ့သမီး...