Part (2)

1.5K 51 3
                                    

ကျောမခိုင်းပါနဲ့

🌸pann

Part (2)

ဘုန်းခန့်ရှိန် လည်း အစားများများ မစားပါဘဲနဲ့ကို တနေ့တခြား ဝ ဝ လာသည်..။

လုံးလုံးတုတ်တုတ်လေးနှင့် ချစ်ဖို့လည်း ကောင်းလာသည်..။

စာတော်တဲ့ ကျောင်းသား ဖြစ်လို့ ဆရာ ဆရာမ တွေရဲ့ အချစ်ကိုလည်း တစ်စထပ်တစ်စ ရနေတဲ့ ကျောင်းသားလည်း ဖြစ်လာသည်..။

အခုဆို သား ဘုန်းခန့် တောင် စတုတ္ထတန်း ကျောင်းသား လေးတောင် ဖြစ်လို့နေပြီ ။

ဒီဒီလေးလည်း မူကြို ကျောင်းသူအရွယ် ရောက်မှန်းမသိ ရောက်ခဲ့ပြီ ။

" ဖေဖေ.. "

" ဗျာ့.. "

" ဖေဖေ ပြောတော့ သား ဆုရလို့ ဆုချမယ် ဆို..အခုထိ ဆုလည်း မချသေးဘူး "

" သား ရဲ့ ဆု အိမ်ရှေ့မှာ ရှိပါတယ်​ ဗျာ..သွားကြည့်လိုက်ပါဦး "

" ရေး.. "

ခန္ဓာ ကိုယ် လေးလေး လေးနဲ့ အိမ်ရှေ့ကို ဖြေးဖြေး လေး ပြေးသွားနေတဲ့ သားကို ကြည့်ပြီး ဦးစိုးမြင့်​ နဲ့ ဒေါ်ပန်းဖြူ ပီတိ ဖြစ်ကာ အပြုံးပန်းတွေ ဝေဆာနေကြသည်..။

" စက်ဘီး လား..စက်ဘီး ဆုချ တာလား "

" သား မကြိုက်လို့လား "

" ကြိုက်တော့ကြိုက်တာပေါ့ သား သူငယ်ချင်း တွေ ကျောင်းကို စက်ဘီး နဲ့ လာတာမြင်ပြီး သားလည်း စီးချင်နေတာ ဒါပေမယ့် သား မှ မစီးတတ်သေးတာ "

" ဖေဖေ သင်ပေးမှာပေါ့ကွ "

" တကယ်လား.. ဖေဖေမှ အလုပ်မအားတာ ရလို့လား "

" ဖေ့သား ဘုန်းခန့် အတွက်ဆို မရတာ မရှိဘူး "

" ဖေဖေ တကယ် သင်ပေးမှာနော်..ပရောမစ် (promise) "

" promise "

" ရေး... "

သား က နှစ်တိုင်း ပထမဆု ချိတ် တော့ တစ်နှစ်ဆီ ကို ဆု တစ်မျိုးမဟုတ် တစ်မျိုး ဆုချပေးသည်..။

ဦးစိုးမြင့်​ လည်း သားကို စက်ဘီး စီးသင်ပေးတာ သား တတ်တာ ကြာမယ် ထင်သော်လည်း မဟုတ်..

ကျောမခိုင်းပါနဲ့ (Zawgyi) Dove le storie prendono vita. Scoprilo ora