Part (4)

993 56 0
                                    

ကျောမခိုင်းပါနဲ့

🌸pann

Part (4)

" မေခြူး..မေခြူး..... "

" နင်တို့ကလည်း အနောက်က ကျားလိုက်လာတာလား... ဘာလို့ ဇွတ်ပြေးလာတာလဲ "

" ဒီနေ့ အောင်စာရင်း ထွက်တာလေ..နင် ရင်မခုန်ဘူးလား.."

" အေးလေ..နင့်ကြည့်ရတာ အေးဆေးဖြစ်နေလိုက်တာ "

" အေးဆေး ဖြစ်မနေလို့ ငါက အရူးမီးဝိုင်း ဆိုင်း ကပြနေရမှာလား "

" ကောင်မ...စကားကောင်းကို မပြောဘူး "

" ဟုတ်ပါ့ သူပြောလိုက်မှပဲ ငါတို့ အရူး ဖြစ်နေပြီ  ..ပြောလိုက်ရင် ဟိုမလွတ် ဒီမလွတ် စကားတွေ "

" ဟုတ်ပါ့ .. ဒီက သတင်းကောင်း ပြောမလို့ကို "

" အေးလေ ငါတို့ ပြောရမှာနဲ့ ပြေးလာလိုက်ရတာ မတန်လိုက်တာ..တော်ပြီ မပြောတော့ဘူး "

" နင်တို့မပြောပြလည်း ကျုပ်က ဝမ်းမနည်းပေါင်..မနက်အစောကြီး ကတည်းက ဆရာမ သီတာ ကို ဖုန်းဆက်မေးပြီးပြီ D ပါတာလည်း သိတယ်.."

ဒီဒီ့ စကားကြောင့် မကျေနပ်အကြည့်နဲ့ ကြည့်လာတဲ့ ဒီဒီ့အချစ်ဆုံး သူငယ်ချင်း နှစ်ယောက်..။

" ကောင်မ...သစ္စာဖောက် မ "

" ခ်ခ်.. "

" ရယ်ရယ်..မပြောလိုက်ချင်ဘူး "

" ကဲ...နင်က D နှစ်လုံး တောင်ပါတာဆိုတော့ ဘာတက်ဖို့ စိတ်ကူးထားလဲ ငါတို့တော့ ကျောင်းမတူတော့ဘူး ထင်တယ် "

" အေးလေ.. "

" ဘာကျောင်းမှ မတူစရာ အကြောင်း မရှိဘူး..ငါက E မေဂျာကို အဓိကထား ယူမှာပါနော် ကျန်တာ စိတ်မဝင်စားဘူး "

" ဟင်..တကယ်နော် "

" တကယ်ပေါ့ဟ.. "

" ချစ်သွားပြီ "

" အာ့ကြောင့် ဒီဒီလေးက ချစ်ဖို့ အရမ်းကောင်းနေတာ "

" ဟွန့်..ရုပ်တွေကိုက မပြောလိုက်ချင်ဘူး "

" ဘာဖြစ်လဲ "

" ဘာမှမဖြစ်ဘူး..လာ မုန့်သွားစားရအောင် ငါတို့ အောင်တဲ့ အထိမ်းအမှတ် အနေနဲ့ "

ကျောမခိုင်းပါနဲ့ (Zawgyi) Donde viven las historias. Descúbrelo ahora