Part (28)

917 55 15
                                    

ကျောမခိုင်းပါနဲ့

🌸pann

Part (28)

ပြန်ရောက်တာနဲ့ ဒီဒီ အခန်းထဲမှာပဲ နေဖြစ်သည်..။

ညနေက သူတို့နှစ်ယောက် ရဲ့ အပြုံးတွေ ရယ်နေတာတွေ ကြည့်ပြီး နေမထိ ထိုင်မသာ ဖြစ်ရသည်..။

တစ်ယောက် ကလည်း ဘာတွေ များ ကျီစယ်နေလို့ တစ်ယောက် က ရှက်ပြုံးတွေ ပေးလိုက် ခေါင်းလေး ငုံ့လိုက် လုပ်နေရတာလဲ..

လူသူမရှောင်ဘဲ ဖြစ်ပျက်နေလိုက်တာ ဒါတွေလား ဂုဏ်သိက္ခာ အဆင့်အတန်း နဲ့ ညီအောင် နေတယ် ဆိုတာ..

အပြောကတော့ ရွှေမန်းပဲ..။

အပြောနဲ့လက်တွေ့သာ မညီတာ..

ဘာလုပ်ရမလဲ..ဒီဒီ ဘာလုပ်သင့်လဲ...။

ဒီကိစ္စ ကို ဘယ်လို ကိုင်တွယ်သင့်လဲ..

ဒီဒီ့ အိမ်ထောင်ရေး ကို ဘယ်လို ကာကွယ်နေသင့်လဲ..။

ဒီဒီ ဦးနှောက်ကို အလုပ်ပေးနေမိသည်..။

ဒီဒီ့ရဲ့ အိမ်ထောင်ရေး လုံးဝ အပြတ် မခံနိုင်ဘူး..

ပိုဆိုးတာက ဒီဒီ့နဲ့ ခင်ဗျားကြီး တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးဆို ပိုလို့တောင် အပြတ်မခံနိုင်သေး..။

ဒီဒီ မရမက ကာကွယ်နေမှာပဲ..

.

သူမလေးက အခု သူ့ကို ပိုလို့တောင် ရှောင်နေတယ်..။

အမှန်ဆို စိတ်ဆိုးဒေါသ ထွက်ရမယ့်လူက ကိုယ် ပါ..

ပြောင်းပြန်များ ဖြစ်နေသလားလို့..။

အခုလည်း ကြည့်..နေမ​ကောင်း ဖြစ်နေလို့ အပြင်မထွက်နဲ့လို့ မှာခဲ့တာကို ကိုယ့်ကို ရွဲ့ပြီး အပြင်ထွက်သွားသေးတယ် ဆိုပဲ..

မင်း အဲ့လောက်တောင် ငါ့ကို အရွဲ့တိုက်ချင်နေတာလား..ဒီဒီ ။

ပြောပါဦး.. ငါ ဘာတွေများ မှားခဲ့မိလို့လဲ..

ငါ့အမှားဆိုတာ တွေ ငါ ဘာတစ်ခုမှ မသိခဲ့ပါလား..ဒီဒီ ။

မင်း သိနေရင် ငါ့ကို ထောက်ပြပေးပါလား..ဒီဒီ..

မသိနားမလည်တဲ့ ငါ့ကို သင်ပြပေးပါဦးလားကွာ..။

ကျောမခိုင်းပါနဲ့ (Zawgyi) Tahanan ng mga kuwento. Tumuklas ngayon