ကျောမခိုင်းပါနဲ့
🌸pann
Part (23)
" သား ပြန်လာပြီလား.. "
" ဟုတ်ကဲ့ အန်တီဝါ.. ဒီဒီ ရော "
" သား မိန်းမ နေ့လည်ကတည်းက အပေါ်ထပ် သွားပြီး အိပ်မယ် ပြောတယ် အခုထိတော့ ပြန်ဆင်းလာတာ မတွေ့သေးဘူး.. "
" အခုထိတောင် အိပ်ပျော်နေတာလား..နေမကောင်း ဖြစ်တော့မှာပဲ ကျွန်တော့်ကို ခွင့်ပြုပါဦး "
" ဟုတ်ကဲ့.. "
ဘုန်းခန့် ဒီဒီ့အခန်းဘက် ဦးတည်လာခဲ့သည်..။
အခုထိ မထသေးဘူးလား..ဒီကောင်မလေး တော့..
" ဒီဒီ.. "
သူမ ပခုံးလေးကို လှုပ်နှိုးလိုက်သည်..။
" ဒီဒီ.. "
" .... "
" ဒီဒီ.. "
ဘယ်လောက် တောင် အိပ်ပျော်နေပြီး ကာလနဂါး ဝင်စားနေလည်း မသိဘူး..။
နှိုးနေတာ အခုထိ တုပ်တုပ်မလှုပ်လာဘူး..
" ဒီဒီ..ဒီဒီ "
" ဟင် "
တော်တော် လေး လှုပ်နှိုးမှ နဂါးမလေးက နှိုးလာတာ မဟုတ်ဘဲ အင်း အဲ အဆင့်သာရှိသေးသည်..။
" ဒီဒီ.. "
" ဟင်..... "
" ထတော့လေကွာ..နေမကောင်း ဖြစ်လိမ့်မယ်လေ "
" ခဏလေးပဲ.. "
" ထတော့ ညနေတောင် စောင်းနေပြီ.. ညကျ မအိပ်နိုင်ဘဲ နေလိမ့်မယ် "
" အင်း... "
" ထတော့ကွာ..နော် ကိုကို့ဒီဒီလေး က လိမ်မာပါတယ်ကွာ နော်..ထတော့ "
ဒိန်း..
သူ့စကားကြောင့် အိပ်ချင်နေတဲ့ စိတ်က ဘယ်ပြေးသွားမှန်းမသိ..မှိတ်ထားတဲ့ မျက်လုံး တောင် ဖွင့်မိလုဆဲဆဲ..။
ရင်တွေလည်း ဆောင့်ခုန်လာတာ သူ သိသွားလေမလား..
ဒီဒီ့ ရင်ခုန်သံ ကလည်း တစ်ခန်းလုံး မြည်ဟီး နေတာ.. ထိန်းမရ သိမ်းမရ ။
တဖြေးဖြေး ရင်ခုန်သံ ကြီးကိုလည်း အမြင်ကတ်လာပြီ..။
အရင်က ဒီထပ် ချိုအီပြီး ပုရွက်ဆိတ် တက်လောက်တဲ့ အဆင့်ထိ စကားတွေ ကြားဖူးပါရဲ့..
YOU ARE READING
ကျောမခိုင်းပါနဲ့ (Zawgyi)
Romance" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သမီးက နုနုထွတ်ထွတ် နဲ့ချောမောလှပနေတာကို သူ့လိုဝက်နဲ့ ပေးစားစရာ လိုလို့လား မေမေ မနှမြောဘူးလား အမေ့သမီး...