Part (30) Final

1.9K 82 31
                                    

ကျောမခိုင်းပါနဲ့

🌸pann

Final..

ဒီနေ့ဆို မ မေသဇင် နဲ့ ဝသန်တို့ရဲ့ စေ့စပ်ပွဲ.. ဒီဒီ့ကို ဖိတ်ပေမယ့် ဒီဒီ မသွားဖြစ်..။

အိမ်မှာပဲ နေဖြစ်သည်..

ကိုကိုလည်း အခုထိ ပြန်မလာသေးပါ..။

မေမေတို့ ဆီလည်း မဆက်သွယ်ဘူးတဲ့...

မဆက်သွယ်တာ ဟုတ်ပါ့မလား.. ဆိုပြီး အထွဋ်တက်တော့ ဒေါ်နှင်းနု က ဒီဒီ့ကို ဆူငေါက်နေတာနဲ့ ဒီဒီ မမေးတော့..။

ဒီဒီ တစ်ယောက် ထဲဆို အိမ်ကို ပြန်လာဖို့ မေမေပန်းဖြူ က ခေါ်ပေမယ့် ဒီဒီ ပြန်မသွားဘူး.. ကိုကို့ကို ဒီအိမ်မှာပဲ စောင့်နေချင်သည်..။

မေမေပန်းဖြူ က ဒီဒီ့ကို ခေါ်သလောက် မေမေတို့များ နေပါစေ..သူ့အပြစ်နဲ့သူ ပစ်ထားလိုက်တဲ့.

ကိုယ့်အပြစ်များတာ သိပေမယ့် မေမေ ဘက်လိုက်တာတော့ မခံချင်..။

ကိုယ်က သူ့သမီး မဟုတ်ဘဲ ချွေးမလိုလို ဘာလိုလိုနဲ့..

ယောက္ခမ ဖြစ်တဲ့ မေမေပန်းဖြူ က ချစ်ခင်ကြင်နာပေးသေးတယ်..။

အမေ များ မှားနေလား အောက်မေ့ရသည်..။

အမှန်ဆို ကျောင်းကပြန်ဖွင့်နေပေမယ့် ဒီဒီ ကျောင်းပြန် မသွားဖြစ်သေးဘူး..

ဒီဒီ ကျောင်းသွားတက်တုန်း ကိုကို ပြန်လာတာ မသိဘဲ နေလိုက်မှာ စိုးလို့..။

ကိုကိုရယ်..ဘယ်တွေများ လျှောက်သွားနေတာပါလိမ့်.. ။

ပြန်လာပေးပါ..ကိုကိုရယ်..နော် ။

.

" အန်တီဝါ တကယ်လို့ ကိုကို ပြန်လာရင် တန်း ဒီဒီ့ဆီ ဖုန်းဆက်နော်.. ဒီဒီ့ ဖုန်းနံပါတ် မေ့သွားမှာစိုးလို့ ရေးပြီး ထားခဲ့ပေးတယ်နော် တန်းဖုန်းဆက်နော် "

" အင်းပါ သမီးဆီ တန်းဆက်ပါ့မယ်.. စိတ်ချ လက်ချ သွား "

" ဘယ်အချိန်ပဲ ဖြစ်နေဖြစ်နေ တန်းဆက်နော်..သူ အိမ်ပြင် ပြန်ထွက်မယ်ဆို ဆွဲထားပေးနော် ဒီဒီ ပြန်လာတဲ့ထိ သူက ဇွတ်အတင်း ပြန်ထွက်တယ် ဆိုရင်..  ဖြစ်နိုင်ရင် သူ့အခန်းထဲ မှာ သူ့ကို သော့ပိတ်ထားလိုက် သော့က ဒီဒီ့ခေါင်းအုံးအောက်မှာ ရှိတယ် သူ့ကိုသော့ခတ်ထားပြီးရင် သော့ကို အန်တီဝါပဲ ကိုင်ထားတော့..ဒီဒီ လာမှပဲ ဒီဒီ့ကို သော့ပေး နော် "

ကျောမခိုင်းပါနဲ့ (Zawgyi) Where stories live. Discover now