ကျောမခိုင်းပါနဲ့
🌸pann
Part (15)
ဘုန်းခန့် အောက်မှာ ထမင်းစားပြီး အပေါ်တက် နားလိုက်သည်..။
အောက်ထပ်မှာ မနေရတာက အမေက စောနက အကြောင်း ပြန်ပြီး အဖေ့ကို ဖောက်သည်ချနေတာ ကြောင့်လေ..။
အဖေကလည်း ပြုံးစိစိနဲ့ ရယ်နေလိုက် လူကိုကြည့်လိုက် လုပ်နေတာမို့ မနေတတ်တော့..
မျက်နှာပူနေရတော့ အောက်မှာ မနေချင်..။
ဒါကြောင့် အမြန် အပေါ်တက် ခဲ့လိုက်ရသည်..။
ဒီဒီမ ကြောင့် အခု ကိုယ့်မှာ လှောင်ရီစရာ ဖြစ်နေပြီ..။
တကယ့် အဆိုးမလေး..
သို့ပေမယ့် စိတ်တော့မဆိုးဖြစ်ပါဘူး..။
ဘုန်းခန့် အတွေးဖျောက်ပြီး ဘေးက ဆေးစာအုပ်ကို ယူဖတ်နေလိုက်သည်..။
.
" အမေ...သမီး ဟိုဘက်အိမ် သွားလိုက်ဦးမယ်နော် "
" ဟင်.. "
အရင်က နေ့ခင်းနေ့လည် တောင် သား ဘုန်းခန့် ရှိလို့ မသွားတဲ့ သမီးက အခု ညကြီး ဟိုဘက်အိမ် ကူးမယ် ဆိုတော့ နည်းနည်းတော့ ကြောင်နေမိသည်..။
" သမီး က ဘာသွားလုပ်မလို့လဲ.."
" လူနာ သွားကြည့်မလို့..သွားပြီ "
လက်ပြပြီး ပြေးသွားတဲ့ သမီးကို လင်မယား နှစ်ယောက် လုံး ငေးကြည့်နေမိသည်..။
" မေကြီး..သမီးက ပြေးသွားနေတယ် "
" ဟုတ်ပါ့ ကျွန်မလည်း အာ့ပဲ အံ့သြ နေတာ.."
" သမီးက ဒီနေ့ ဘာလို့ သွားတာလဲ.."
" သားကို သွားကြည့်တာ နေမယ်.."
" သားကို..ဘာဖြစ်လို့လဲ "
" ဖြူ ပြောတာ..သား လည်ပင်း ဒဏ်ရာ ရလာလို့တဲ့ "
" ဟင်..ငါလည်း မသိရပါလား ဘယ်လောက် တောင်ထိလို့လဲ တော်တော် အခြေအနေ ဆိုးလား မေကြီးကတော့ မပြောဘူးကွာ.."
ပြောရင်း ထ သွားဖို့ လုပ်နေတဲ့ ယောကျာ်း ဖြစ်သူ ကို လှမ်းဆွဲထားလိုက်ရသေးသည်..။

YOU ARE READING
ကျောမခိုင်းပါနဲ့ (Zawgyi)
Romance" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သမီးက နုနုထွတ်ထွတ် နဲ့ချောမောလှပနေတာကို သူ့လိုဝက်နဲ့ ပေးစားစရာ လိုလို့လား မေမေ မနှမြောဘူးလား အမေ့သမီး...