Part (19)

864 50 2
                                    

ကျောမခိုင်းပါနဲ့

🌸pann

Part (19)

" သတို့သမီး ဝတ်ပြီးပြီ.."

အသံ ကြားတာနဲ့ ဘုန်းခန့် ဖတ်နေတဲ့ သတင်းစာကို ဘေးချ ပြီး မော့ကြည့်လိုက်သည်..။

ဒုတ်..ဒုတ်...

ဘုန်းခန့် စကားသံတွေ မထွက်လာတော့..။

ရှေ့က နတ်သမီးလေးက လှသည်ဆိုတာထပ်ကို ပို လှနေသည်..

အမေတို့ အရင်ကတည်းက အပ်ထားသည်ဆိုပဲ..အမေတို့ က ဒီနေရာမှာ တော်သည် ပြောရမည်..။

ဘယ်ကတည်းက ကြိုတင်ပြင်ဆင် အပ်ထားသည်ဆိုတာ မသိပေမယ့် အခု သူမလေး ဝတ်ထားတဲ့ ဒီဇိုင်းက ခေတ်နောက်လည်း မကျသလို ရှေ့လည်း ရောက်မနေပါ..။

ကကြီးပုံသဏ္ဍန် ဖော်ထားတဲ့ သူမ ရင်ဘတ်လေးက အရမ်းလည်း မပေါ်ပါ..

ရင်ဘတ်တစ်ဝိုက်မှာ စိန်တွေစီခြယ်ထားလိုက်တာ..သူမရဲ့အလှနဲ့ အပြိုင် ပြိုးပြိုးပြက်ပြက် လှနေလိုက်တာ..

ဂါဝန်လေးက ကားကားလေးနဲ့ အနောက်က ဂါဝန်စလေးက ရှည်သား...

သူမလေး လှတော့လှပေမယ့် လမ်းလျှောက်ဖို့ ခက်မှာလည်း စိုးရိမ်ရသည်..။

" ကိုကို ဘယ်လိုနေလဲ.."

သူက ဒီဒီ့ကို သေချာ စိုက်ကြည့်နေတာ မနေတတ်တော့လို့ ဒီဒီ မေးလိုက်ရသည်..။

ဟုတ်သည်လေ..သူက ဒီဒီ့ရှေ့မှာ ထိုင်နေပြီး မျက်တောင်မခတ်ဘဲ ကြည့်နေလိုက်တာ ဒီလူက နေတတ်ပါတော့မလား..

အလိုက်ကို မသိဘူး..။

ဆိုင်ကဝန်ထမ်းတွေလည်း ပြုံးစိပြုံးစိဖြစ်နေကြတာကို သူ မမြင်ဘူးလား..

" အင်း..မဆိုးပါဘူး "

ဘုန်းခန့် ဘာပြောရမှန်း မသိတော့..ဖြေရမယ့် စကားတွေ များပြီး ဘာဖြေရမှန်း မသိ စကားလမ်းပျောက် သွားကာ ရိုးရိုးတန်းတန်း ပဲ ဖြေလိုက်မိသည်..။

မဆိုးပါဘူး တဲ့.. မဆိုးရင် ဒီလို ကြီး စိုက်ကြည့်နေရလား ။

ဒီဒီ သူ့ရင်ခွင်ထဲ ပြေးဝင်ချင်မိသည်..။

ဒါပေမယ့် ဖက် ဖို့တော့ မဟုတ်..သူ့ရင်ဘတ်ကို ကုန်းကိုက်ချင်လောက်အောင် ဖြစ်မိနေလို့ပါ..

ကျောမခိုင်းပါနဲ့ (Zawgyi) Kde žijí příběhy. Začni objevovat