Part (7)

968 59 0
                                    

ကျောမခိုင်းပါနဲ့

🌸pann

Part (7)

" ဒီဒီ မပြောချင်တော့ဘူး နော်..သွားပို့ဆို သွားပို့လိုက် "

" ဟာ မေမေကလည်း မေမေသွားပို့တော့ ဘာဖြစ်မှာ မို့လို့လဲ..အမေပဲ သွားပို့ပါလား ဒီဒီ သွားမပို့ချင်ပါဘူး "

" ဘာလို့ သွားမပို့ချင်ရတာလဲ.. "

" မသိဘူး.. "

မနေ့က သူ့ကို ဒီဒီ ပြောထားတာတွေ ရှိသေးတာကို ဒီနေ့ ဒီဒီ က ဘယ်လိုမျက်နှာနဲ့ မျက်နှာပြောင်တိုက်ပြီး သွားပို့ရဲမှာလဲ..

ပြီး သူကလည်း ဒီဒီ ဆို နားလည်ရခက်တဲ့ စကားတွေ သိပ်ပြောတာ..။

မသိရင် သူပဲသိ..သူပဲတတ် တဲ့ ဆိုဒ်နဲ့..။

အရင်လို ဝက် အဖြစ် မဟုတ်တော့ဘဲ ပြန်လာတော့ အကျင့်တွေပါ အရင်က ဝက် ကျင့် မဟုတ်တော့တာ အမေ တို့ကတော့ သိမလား..

ဒီဒီ ကတော့ သူ့အကျင့်တွေ သိနေတာလေ..။

သူကလည်း ဒီဒီ ဆို ကြည့်မရပါဘူး..

သူ့အကြည့်တွေက အစ အရင်လို မနွေးထွေးဘဲ အေးစက်နေတာ အမေ တို့က သိပါ့မလား..

ဒီဒီ ပဲ သိနေတာလေ..။

မရဘူး..လုံးဝ မသွားဘူး..။

ဒီဒီ တို့က မလုပ်ဘူးဆို မလုပ်ဘူးပဲ..

" ဒီဒီ အမေက နောက်ဖေးမှာ လုပ်စရာ ကျန်နေသေးတယ်..သမီးပဲ သွားပို့ပေးပါ "

" အာ့တွေ နောက်မှ ပြန်လာမှ ရှင်းပေါ့ အမေရဲ့.."

" မရဘူး အဲ့အလုပ်တစ်ခုထဲ မဟုတ်ဘူး..ငါ့မှာ လုပ်စရာ တွေ အများကြီးရှိသေးတယ် ဒီတစ်လုပ်ထဲ မဟုတ်ဘူး သွားပို့ဆို သွားပို့လိုက် "

ခြောက်တစ်လှည့် ချော့တစ်လှည့် လုပ်နေတာတောင် ဒီဒီ တို့က ထိုင်နေရာမှ မထသေး.

အခုထိ အေးဆေး နေနေတုန်း..။

အရင်ကဆို နှစ်ခါ ပြောစရာ မလို..

ကိုကိုဝက် အိမ် လို့ ပြောတာနဲ့ သူအရင် ရောက်နှင့်နေပြီသား..

အခု သူ့ကိုကို နိုင်ငံခြား ထွက်ပြီး ပြန်လာမှ ဒီဒီ့ရဲ့ အချိုးတွေ ပြောင်းနေတာ ။

ကျောမခိုင်းပါနဲ့ (Zawgyi) Wo Geschichten leben. Entdecke jetzt