ကျောမခိုင်းပါနဲ့
🌸pann
Part (27)
ဘုန်းခန့် မနက်ဖြန် နားရက်မလို့ ဒီနေ့ညတော့ စာကြည့်ခန်း မဝင်ဖြစ်..။
သတင်းတွေပဲ ထိုင်ကြည့်နေလိုက်သည်..။
သူမလေးကတော့ ဒီနေ့ ထမင်းစားပြီး အပေါ်ထပ် တက်သွားပြီ..
အရင်နေ့ကဆို tv ရှေ့ထိုင်တတ်တဲ့သူမက အခု tv ရှေ့ မထိုင်တော့ နည်းနည်းတော့ ထူးဆန်းသား..။
ဒါပေမယ့် သူမလေး ပင်ပန်းနေတယ် နေမှာလို့ တွေးမိပြန်တော့ မထူးဆန်းပြန်တော့..
အန်တီဝါ လည်း ဆေးကြောပြီး တံခါးစစ်ပြီး အိပ်နေပြီ..။
ဘုန်းခန့် လည်း သတင်း ခဏ နားထောင် ပြီး အပေါ်ထပ် တက်ခဲ့သည်..
သူမလေး အိပ်ပျော်နေပြီလား မသိ..။
သူမ အခန်းဘက် ဝင်ကြည့်တော့ မီးတွေပိတ်ထားပြီ..
အိပ်ပျော်နေပြီ ထင်တယ်..။
ဘုန်းခန့် သူမနဖူးလေး နမ်းဖို့ ကုတင်နား သွားတော့ ကုတင်မှာ သူမလေးက မရှိ..
ဘယ်သွားတာပါလိမ့်..။
ရေချိုးခန်းထဲ မှာ များလား..
ဘုန်းခန့် ရေချိုးခန်း သွားဖို့ ပြင်တော့..အနောက်ကနေ နူးညံ့တဲ့ လက်လေးနဲ့ ခါးကို ဖက်ခြင်း ခံလိုက်ရသည်..။
ဟင်..
ဘုန်းခန့် သူမနောက်နားလေး လှည့်မယ် ကြံတော့ သူမလေးက အလှည့်မခံ..တင်းကြပ်နေအောင် ဖက်ထားသည်..။
" ဒီဒီ ဘာဖြစ်လို့လဲ..အိပ်မက် ဆိုး မက်လို့လား "
" ဟင့်အင်း.. "
" နေမကောင်း ဖြစ်နေတာလား.."
" မဖြစ်ပါဘူး.. "
" ဟုတ်ရဲ့လား..ကိုကို့ ကို ပြစမ်း "
" ရပါတယ်.. "
သူမလေးက ကိုယ့်ကို သူမ မျက်နှာလေး ပေးမပြ..။
ကိုယ်က စိတ်ပူနေပြီ..
သူမလက်လေးကို အတင်းခွာပြီး သူမဘက် အလှည့်..သူမ နှုတ်ခမ်းသားလေးက ကိုယ့်နှုတ်ခမ်းကို ထိကပ်နေပြီ..။

ESTÁS LEYENDO
ကျောမခိုင်းပါနဲ့ (Zawgyi)
Romance" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သမီးက နုနုထွတ်ထွတ် နဲ့ချောမောလှပနေတာကို သူ့လိုဝက်နဲ့ ပေးစားစရာ လိုလို့လား မေမေ မနှမြောဘူးလား အမေ့သမီး...