Part (26)

860 55 5
                                    

ကျောမခိုင်းပါနဲ့

🌸pann

Part (26)

ဒီဒီ အခုတလော တော်တော် ပြောင်းလဲနေပါပြီ..။

အရင်လို ပေါ့ပြတ်ပြတ် မနေတော့..ပေါ့ပြတ်ပြတ် မပြောတော့..

သူမလေး ကြည့်ရတာ အနည်းငယ် ရင့်ကျက်လာသလိုပါ..။

အနေအထိုင် လည်း အရမ်းကြီး တည်တည်ငြိမ်ငြိမ် မနေတတ်တောင် နည်းနည်း တော့ အေးဆေးပြီး တည်ငြိမ်လာပါသည်..။

အရင်လို အတွေးလေးလွဲချော်မနေဘဲ နည်းနည်းတော့ အတွေးလေးတွေ တည့်လာပုံရသည်..။

အနေအထိုင် အပြောအဆို လေးတွေ ဆင်ခြင်လာပေမယ့် ဝတ်ပုံလေးကတော့ အရင်အတိုင်းပဲ အတိုအပြတ်နဲ့..

ဒါကလည်း ကြာရင် သူမလေး ဘာသာ ပြောင်းလဲ လာမှာပါ..။

သူမလေး ပြောင်းလဲလာမယ် ဆိုတာ ကျိန်းသေပေါက် ယုံကြည်နေပါသည်..

သေချာပေါက် ကို ပြောင်းလဲ လာမှာပါ..။

အခုတောင် ကိုယ်က အတင်းပြောင်းလဲပေးနေတာ မဟုတ်တာတောင် သူမလေးဘာသာ သူမပြောင်းလဲ လာသေးတာပဲ..

ကိုယ် စောင့်ပေးမှာပါ..မင်းလေး ပြောင်းလဲ လာနိုင်မယ့် အချိန်အထိ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးမှာပါ..။

" နွားနို့ လာပို့ပေးတာ.. သောက်ပြီးမှ အလုပ်ဆက်လုပ် "

ကိုယ် အလုပ်လုပ်နေချိန်ဆို သူမလေးက အလိုက်တသိနဲ့ကို နွားနို့ပူပူလေးတစ်ခွက် နဲ့ မုန့်နည်းနည်း ပြင်ဆင်ပေးတတ်လာပါသည်..။

" ဟုတ်ကဲ့ပါ.. သောက်လိုက်ပါ့မယ် "

သောက်မယ် ပြောပြီး လက်က ကွန်ပျူတာ မှာ အနှိပ်မပြတ်..။

ပြီး ကြာတော့ မသောက်တော့ဘူး နေတော့မယ်..

ခင်ဗျားနော်..ခင်ဗျား..

အသက်ကသာ ဒီဒီထပ်ကြီးတာ..ဘယ်နားမှာများ ဦးနှောက်ရှိလဲလို့ သိချင်ရဲ့ ။

မတတ်နိုင်..ကိုယ်တိုင် တိုက်မှပဲ ရတော့မှာမို့..နွားနို့ ခွက် ယူပြီး သူ့နား အနီးကပ် ကပ်သွားလိုက်သည်..။

ကျောမခိုင်းပါနဲ့ (Zawgyi) Où les histoires vivent. Découvrez maintenant