ကျောမခိုင်းပါနဲ့
🌸pann
Part (9)
" သား..အရင်နေ့ကထပ် နောက်ကျလို့ အမေက စိတ်ပူနေတာ "
ဘုန်းခန့် အိမ်ထဲဝင်ဝင်ချင်း အမေက ဆီးကြို မေးနေပြီ ။
" ဒီဒီ.. "
ပါးစပ်က ဒီဒီ့နာမည် လွတ်ထွက်သွားမိသည်..။
ဒီ ပါးစပ် နဲ့ကတော့...
" ဟင်..ဒီဒီက ဘာဖြစ်လို့လဲ "
" ဘာမှမဟုတ်ပါဘူး သူ့ကို သား ခဏတွေ့နေလို့ နောက်ကျနေတာ "
" မယ်..သားက နှစ်ယောက်ထဲ သီးသန့် သပ်သပ် ချိန်းတွေ့ချင်နေတယ်ပေါ့ နောင် ဖြစ်လာမယ့် သား ဇနီးလောင်းကို "
" မသေချာ မရေရာတာကို မေမေရယ်.."
" ဟဲ့..သား ဘာမသေချာ မရေရာ လဲ သား အခု လိုချင်နေပြီလား မေမေ့ကို ပြော အခုသွားတောင်း အခု ရတယ်နော် "
" အဲ့လို မလုပ်ချင်လို့ပေါ့ မေမေရဲ့..ဒီဒီ့စိတ်ထဲကကို သားနဲ့လက်ထပ်ချင်မှပဲ သား တောင်းရမ်းချင်တယ် "
" ဒီဒီ့ အချစ်ကိုလည်း လိုချင်တယ် ဆိုပါတော့.."
" မေမေကလည်း.."
ဘုန်းခန့် ဖြူ ဖွေးနေတဲ့ လက်တွေနဲ့ ဂုတ်ကို ပွတ်သပ်နေမိသည်..။
သားဖြစ်သူ ပုံစံကို ကြည့်ပြီး ဒေါ်ပန်းဖြူ သဘောကျ မိသည်..။
" ဟင်းဟင်း..ဟုတ်ပါပြီ သွား အဝတ်သွားလဲ ပြီးရင် ထမင်းစားရအောင် ခဏနေ သားအဖေလည်း ရောက်တော့မယ်တဲ့ "
" ဟုတ်.. "
မေမေတို့ကသာ သားတို့နှစ်ယောက်ကို ပေးစားချင်နေတာပါ..။
ဒီဒီ ကတော့ ကျွန်တော်ကလွဲရင် ကျန်တဲ့သူတွေနဲ့ လက်ထပ်မယ် ဆိုပဲ..
ဒါတွေ သိရဲ့လား..မေမေ ။
သားကို အိပ်မက် မပေးပါနဲ့တော့..ကျွန်တော် အဲ့ အိပ်မက် ဆက် မမက်ရဲဘူး မက်ခွင့်လည်း မရှိသူပါ ။
ဘုန်းခန့် ရင်ထဲက စကားတွေကို ကိုယ်တစ်ယောက်ထဲသာ အပိုင်သော့ခတ်ထားလိုက်သည်..။
.
" မုန်းတယ်..မုန်းတယ်..မုန်းတယ် "
ဒီဒီ ခေါင်းအုံးတွေကို ရိုက်ပြီး ပြောနေမိသည်..။

YOU ARE READING
ကျောမခိုင်းပါနဲ့ (Zawgyi)
Romance" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သမီးက နုနုထွတ်ထွတ် နဲ့ချောမောလှပနေတာကို သူ့လိုဝက်နဲ့ ပေးစားစရာ လိုလို့လား မေမေ မနှမြောဘူးလား အမေ့သမီး...