ကျောမခိုင်းပါနဲ့
🌸pann
Part (21)
ဒီဒီ အိမ်ပြန်ရောက်တော့ ဧည့်ခန်းမှာ ပစ္စည်း တွေ မွှစာ ကို ကြဲလို့..။
ဒါတွေ သူလုပ်ထားတာ ဖြစ်မည်..
သူ စောနက ကုန်တိုက်မှာ ဝယ်ခဲ့တာတွေ ကို လွှတ်ပစ်ထားတာ ဧည့်ခန်းတစ်ခုလုံး ရှုပ်ပွနေသည်..။
တော်တော် ပေါက်ကွဲသွားသည် ထင်သည်..။
ဒီဒီ မဲ့ပြုံးတစ်ချက်ပြုံးပြီး သူ ပေါက်ကွဲထားတဲ့ ပစ္စည်းတွေ ကို သိမ်းစည်းနေရသည်..။
ဘုန်းခန့် သူမ ရောက်လာပြီမှန်း သိသည်..
သူမရှေ့ သွားရပ်မိရင် သူ့ဒေါသတွေ ထိန်းနိုင်မှာ မဟုတ်လောက်ဘူး..။
သူမလေး ကို တစ်ခုခု လုပ်မိလိမ့်မယ်..
ဒါပေမယ့် တွေးရင်း စိတ်က တော်တော် ပေါက်နေတော့ သူမဆီ အရောက်သွားလိုက်သည်..။
" ဘယ်လိုလဲ မင်း ပျော်မှပျော်ရဲ့လား.."
သူမ အခန်းထဲ ဝင်မယ့် ခြေလှမ်းတွေ တန့်ကာ သူ့ဘက် လှည့်ကြည့်လိုက်သည်..။
" သိပ်တော့ မပျော်သေးပါဘူး..ပါးပါးလေးပဲ ပုတ်လိုက်ရလို့ "
" အဟက်..ပါးပါးလေး တဲ့လား ဒီဒီ မင်းရဲ့ပါးပါးလေးက ဟောဒီ့ကောင်ရဲ့ သိက္ခာ တွေ ကျ ကုန်တာ မင်း သိလား.."
" ဒီဒီ ဘာမှလည်း မပြောလိုက်ရပါဘူး.."
" တောက်..ဒီဒီ မင်း ဘာဖြစ်ချင်နေတာလဲ ဘာကိုမကျေမနပ် ဖြစ်နေတာလဲ မင်း ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ ငါ့ဘက်က မင်းဖြစ်ချင်တာ အကုန် လိုက်လျောပေးမယ် တစ်ခုပဲ ဒီဒီ..မင်း အရင်လို ဒီဒီ ပြန်နေပေးလို့ မရဘူးလား "
" ဟင် အရင် ဒီဒီက. ဘယ်လိုမျိုးမလို့လဲ..ဒီဒီက ဒီဒီပဲလေ အရင်ဒီဒီ အခုဒီဒီ ရှိလို့လား "
" အရင်က ငါသိတဲ့ ဒီဒီက လွတ်လွတ်လပ်လပ် နေတတ်ပေမယ့် မရဲတင်းတတ်ဘူး..ဂါဝန်လေးတွေ ဝတ်ပြီး သိပ်ချစ်ဖို့ ကောင်းနေတတ်သူ အခုလို အတိုအပြတ် တွေ မဝတ်တတ်ဘူး..အားလုံး နဲ့ ဆက်ဆံရေး ကောင်းတဲ့သူ လိမ်မာတဲ့သူ ယဉ်ကျေးတဲ့သူ အခုလို ထင်ရာမစိုင်းတတ်ဘူး "
BẠN ĐANG ĐỌC
ကျောမခိုင်းပါနဲ့ (Zawgyi)
Lãng mạn" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သမီးက နုနုထွတ်ထွတ် နဲ့ချောမောလှပနေတာကို သူ့လိုဝက်နဲ့ ပေးစားစရာ လိုလို့လား မေမေ မနှမြောဘူးလား အမေ့သမီး...