ကျောမခိုင်းပါနဲ့
🌸pann
Part (17)
" ဒီဒီ.. "
" ဟွန်.. "
" နင် ဖုန်းကိုကြည့်နေတာ ကြာပြီ..ဘာဖြစ်နေတာလဲ "
" ဟုတ်သားပဲ ဒီဒီရယ်..ငါလည်း နင့်ကို ကြည့်နေတာ ကြာပြီ ဖုန်းထဲတောင် လူဝင်သွားမလား အောက်မေ့ရတယ်.."
" နင့်ကိုကို ဆီ ဖုန်းဆက်မှာမလား..ဆက်လိုက်လေ "
" ဟာ..ဘယ်ကသာ မဟုတ်ပါဘူး "
ဒီဒီ သူတို့ ပြောတာကို ငြင်းရင်း ဒီဒီ့ဖုန်းကို စားပွဲပေါ် တင်လိုက်သည်..။
" အရင်နေ့က နင် ဆက်နေကျ ပဲ လေ.."
" အေးလေ..ငါတို့ တောင် နင့်ကို ခဏခဏ ဆက်နေလို့ အမြင်ကတ်လောက်တဲ့ထိ "
" နင်တို့ အမြင်ကတ်မှာ သိနေလို့ မဆက်တော့တာ.."
ဒီဒီ ပြောရင်း ရှေ့က coke ကို ယူပြီး ပိုက်နဲ့ စုပ်ယူသောက်နေလိုက်သည်..။
" ဒီဒီ မလိမ်တတ်ဘဲ မလိမ်ပါနဲ့...နင့် မျက်နှာ မှာ အဖြေ တွေ တွေ့နေတယ် "
" ငါတို့ ပေါင်းလာတာ အခုမှ မဟုတ်ဘူး ဒီဒီ..ငါတို့ နင့်မျက်နှာ ကြည့်ပြီး ဖတ်တတ်နေပါပြီ "
" သူ့ အချိန် တွေ တခြားသူ ပေးထားတာ ငါက ဘာကိစ္စ သူ့ကို ဆက်နေရမှာလဲ..သူလည်း ငါ့ကိုအရှုပ်ထုပ် လို့ မှတ်နေလောက်ပါတယ် "
" အဲ့လိုလည်း မဟုတ်ဘူးလေ..နင်ကလည်း "
" အဲ့နေ့က မမ တစ်ယောက် ကြောင့်လား.."
" ဟာ..ဘယ်ကသာ သူ့ကြောင့် ဖြစ်စရာလား ငါနဲ့ဘာဆိုင်လို့လဲ.."
" နင်က... "
" တော်ပြီဟာ..အတန်းပြန်တက်ရအောင် ပိုက်ဆံရှင်းမယ် "
ဒီဒီပဲ ဒိုင်ခံငွေရှင်းပြီး အရင် ထလာခဲ့သည်..။
" ဒီဒီ ငါတို့ ကို စောင့်ဦးလေ.."
" ဒီဒီ... "
အနောက်က သူငယ်ချင်း တွေ အသံ ကြားတော့ ဒီဒီ ပြုံးလိုက်မိသည်..။
ဟုတ်တယ်..ဒီဒီ့ဘဝက သူတို့ရှိနေရင် ရပြီ.. ။
ဒီဒီ့အတွက် ဘယ်သူမှ မလိုအပ်ဘူး...။
YOU ARE READING
ကျောမခိုင်းပါနဲ့ (Zawgyi)
Romance" နိုင်ငံခြားပြန် မကလို့ ဘယ်ကပဲ ပြန်လာလာ အထင်မကြီးဘူး မေမေ..လူတော မတိုးတဲ့ သူနဲ့ သမီးက လက်ထပ်ရမှာလား.." " မေမေ့သားလို ဝက်ပုတ်က လူတောတိုးမှာလား..အမေ့သမီးက နုနုထွတ်ထွတ် နဲ့ချောမောလှပနေတာကို သူ့လိုဝက်နဲ့ ပေးစားစရာ လိုလို့လား မေမေ မနှမြောဘူးလား အမေ့သမီး...