Part 2
"ဝိန်းနင်! "
"သခင်လေး "
"ပါပါး "
လန်ရှန့် ပါပါးကိုပြေးဖတ်လိုက်သည်
"ဘာဖြစ်လာတာလဲ "
လန်ရှန့် ပါပါးကို ပုလွေပြန်ပေးလိုက်ပြီး
" ပါပါးက တစ္ဆေစစ်သူကြီးကို ခိုင်းစားတဲ့သူလားဟင် "
" ရှန့်လေး! "
ရှန့်လေးစကားကြောင့် ဝေ့ရင်း ဝိန်းနင်ကိုကြည့်လိုက်သည် ဝိန်းနင် အပြစ်ရှီတာသိပြီး ခေါင်းငုပ်ထားသည်
"ပါပါးကျောပေါ်တက် "
"သခင်လေး ကျွန်တော့်ကျောပိုးလိုက်ပါမယ် "
ဝေ့ရင်း ဝိန်းနင်ကိုစကားမပြောပဲ လန်ရှန့်ကို
ကုန်းပိုးပြီး အိမ်ပြန်လာခဲ့လိုက်သည်"သခင်လေး ကျွန်တော့်တောင်းပန်ပါတယ် "
အိပ်ပျော်နေတဲ့ သားလေးကို ကုတင်ပေါ်ချလိုက်သည်
"သားလေးကိုလောကကြီးအကြောင်း မသိစေချင်ဘူး "
"အားလုံးက သခင်လေးကိုတွေ့ချင်နေမှာပါ ကျင်းလင်နဲ့ ကျန်းချန်တို့လည်း လွမ်းနေမှာ "
"ဘာ!..ဝိန်းနင် သားလေးကဘယ်သူ့နဲ့ တွေ့လာတာလဲ "
" သခင်လေး..နင်ဥာဏ်ကောင်းတယ် "
" မေးတာမြန်မြန်ဖြေ "
"ကူးစူးကအားယွင့်တို့နဲ့ သခင်လေးမမရဲ့သား
ကျင်းလင်တို့နဲ့ တွေ့လာတယ် ""ဘာ! "
"သူတို့ကဖုတ်ကောင်တွေနဲ့ တိုက်ခိုက်နေတာကြောင့် ဝင်ပါမိတာပါ..ကျွန်တော့်သူတို့နဲ့ ဘာစကားမှမပြောပဲ ပြေးထွက်လာခဲ့တာပါ "
ဝေ့ရင်းအပြစ်မတင်ချင်တော့တာကြောင့်
"မုန်လာဥရောင်းရလား "
"ရောင်းရတယ်သခင်လေး အားလုံးကုန်သွားတယ် "
ဝိန်းနင် ဝေ့ရင်းကိုပိုက်ဆံပေးလိုက်သည်
" မင်းတော်တယ် "
" အဲ့ဒါဆို ဆန်ပြုတ်သောက်လို့ရပြီလား သခင်လေး "