Part 5
"လန်ကျန့်! "
အိမ်ပြန်လာတဲ့သားကို ဝေ့ရင်းအံသြစွာကြည့်နေလိုက်သည်
"ပါပါး..ပါပါး "
သားလေးပြေးလာပြီး သူ့ကိုလာဖတ်သည်
"သားလေးပဲ..ဒီအဝတ်အစားတွေက "
ဝေ့ရင်း ဝမ်နင်းကိုကြည့်လိုက်သည်
" ကျွန်တော့်မသိဘူး နေလယ်ကပျောက်သွားရင်း ပြန်လာတော့ အဲ့ပုံစံဖြစ်နေတာ "
" ဒီနဖူးစည်းက လန်ကျန့်ဟာ "
"ဟုတ်တယ် ကိုယ့်ဟာပဲ "
စကားအသံနဲ့အတူနောက်ကနေထွက်လာတဲ့ လန်ဝမ့်ကျီး"
"လန်သခင်လေး! "
"လန်ကျန့်! "
" ကိုကိုပဲ..လန်ကိုကို့ကိုသိလား ပါပါး "
ဝေ့ရင်း သားမေးတာမဖြေပဲ လန်ကျန့်ကိုပဲ
ကြည့်နေမိသည် လန်ကျန့်ကလည်း သူကိုစူးစိုက်စွာ
ကြည့်နေသည်"ရှန့်လေး စိုက်ခင်းသွားကြည့်ရအောင် "
ဝမ်နင်းကအလိုက်သိစွာ လန်ရှန့်ကိုခေါ်ပြီး
ထွက်သွားသည်"လန်ကျန့် "
"ဝေ့ရင်း! "
နှစ်ယောက်သား ပြိုင်တူစွာခေါ်မိသည်
" မတွေ့တာကြာပြီ "
"ဆယ်နှစ်ကျော်သွားပြီ ဝေ့ရင်း "
"ရှန့်လေးနဲ့ ဘယ်လိုတွေ့လာတာလဲ "
" သူ့နာမည်က "
" ချင်ရှန့်ပါ "
" ရီလင်းက မင်းနဲ့အတူထိုင်နေကျ စားသောက်ဆိုင်မှာ သူ့ကိုတွေ့ခဲ့တယ် နှစ်ခါတွေ့ဆုံပြီး နာမည်မမေးလိုက်ရတာကြောင့် လိုက်လာရင်း.."
" ဝမ်နင်းကိုတွေ့ပြီး ကျွန်တော့်ကိုလာတွေ့တာလား "
"အင်း "
ဝေ့ရင်းပြုံးလိုက်သည်
"ချင်ရှန့်က ချစ်စရာလေး "
" ကျွန်တော့်မွေးထားတာ "
"အားယွမ့်လိုမျိုးလား "
"အားယွမ်ထက်ပိုတယ် "
" အင်း "
" အိမ်ထဲဝင်ပါအုန်းလား "