Part 12သားလေးကိုသမားတော်ကောင်းကောင်းနဲ့ပြပြီး ဆေးဝယ်ခဲ့လိုက်သည် ဝမ်နင်ဗိုက်က ဆာလွန်းလို့မြည်တောင်မြည်နေပြီဖြစ်သည်
" ဝမ်နင်..မင်းဗိုက်ဆာနေပြီမဟုတ်လား "
" မဆာပါဘူး သခင်လေး "
" ဘာမဆာဘူးလဲ မင်းအိမ်ကနေ ရီလင်းမြို့ထိ
တစ်လမ်းလုံးသားလေးကို ကုန်းပိုးလာတာ
ပင်ပန်းနေပြီ "လန်ကျန့်ထမင်းဆိုင်ထဲဝင်လိုက်သည်
" လန်လေး..လန်လေး "
ဝေ့ရင်းသားလေးကိုနှိုးပေးမဲ့ သားလေးခေါင်းမထောင်နိုင်ပဲဖြစ်နေသည်
" တည်းခိုခန်းငှားလိုက်မယ် "
"လန်ကျန့်..မင်းပိုက်ဆံမှမရှီတော့တာ "
" ရှီတယ် "
" ငါသိပါတယ်လန်ကျန့်..မင်းပိုက်ဆံကုန်တော့မယ် "
လန်ကျန့်ဘာမှမပြောတော့ပဲ ဝေ့ရင်းဆီက သားလေးကိုပွေ့ခေါ်လိုက်ကာ တန်းခိုးခန်းငှားလိုက်သည်
ထမင်းကိုအခန်းထဲ လာပို့ခိုင်းလိုက်သည်" လန်လေး..ပါပါးခေါ်နေတယ်လေ
ထပါအုန်းကလေးလေးရဲ့ "ကုတင်ပေါ်ဖြူဖတ်ဖြူလျော်စွာ အိပ်ပျော်နေတဲ့ ကလေးကို ဝေ့ရင်းလှုပ်နိုးလိုက်သည်
" လန်ကျန့် မင်းပြောတာ..သူကအတော်ဆုံးသမားဆို ဘာကြောင့်သားလေးနိုးမလာသေးတာလဲ "
" နိုးလာမှာပါ ဝေ့ရင်း ထမင်းလာစားလှည့် "
လန်ကျန့် ဝေ့ရင်းကိုခေါ်လာကာ ထမင်းစားပွဲနားမှာ ထိုင်စေလိုက်သည် ပြီးတော့အရက်ငဲ့ပေးလိုက်သည် ဝမ်နင်ကတော့ ဗိုက်ဆာတော့ ထမင်းကိုမနားတမ်း
စားနေသည်" ဝေ့ရင်းထမင်းကောစားအုန်းလေ "
ဝေ့ရင်းလန်ကျန့်ငဲ့ပေးတဲ့ အရက်အပြင် ထပ်ပြီးဆက်တိုက်ငဲ့သောက်နေလိုက်သည်
"ပါးစပ်ဟ "
လန်ကျန့် ဝေ့ရင်းကိုထမင်းခွံကျွေးလိုက်သည်
" မင်းကောစား "
" အင်း "
ဝေ့ရင်းထမင်းစားပြီးတဲ့ ဝမ်နင်ကိုသားကို
ကုန်းပိုးခိုင်းလိုက်သည် မမှောင်ခင် သူတို့ပြန်လာတုန်း လမ်းတစ်ဝက်လောက်မှာ ဖုတ်ကောင်တွေရဲ့ ဝင်တိုက်ခြင်းကို ခံရသည်