Part 11
" ငါကုတင်ပေါ်မှာအိပ်မယ် ကောင်လေး မင်းအောက်မှာအိပ် "
ကျင်းလင်စကားကိုလန်ရှန့်ဂရုမစိုက်ပဲ ဟိုဘက်လှည့်အိပ်နေသည်
" ငါ့လိပ်ပြာပျိုကိုခေါ်လိုက်မှာနော် "
" ဘာ..လိပ်ပြာပျိုလဲ "
" လိပ်ပြာပျို! "
ကျင်းလင်ခေါ်လိုက်တာနဲ့ ခွေးဟောင်သံကိုကြားရသည်
" ဟိုကြိုးချည်ထားတဲ့ခွေးကိုပြောတာလား "
ကျင်းလင်ခေါင်းညိတ်သည် လန်ရှန့်ဆူပုတ်ကာ ကုတင်ပေါ်က ဆင်းပေးလိုက်သည်
🏡
" လန်ကိုကို! "
လန်ကျန်မျက်စီဖွင့်လာပြီး
" ဘယ်လိုခေါ်လိုက်တာလဲ "
" လန်ကိုကို! "
" မဆီလျှော်လိုက်တာ "
" လန်ရှန့်ခေါ်တာကျတော့ ဆီလျှော်တယ်ပေါ့ ငါ့ကျတော့ခေါ်လို့မရဘူးလား "
လန်ကျန့်ပြန်ပြီး မျက်စီမှတ်လိုက်သည် ဝေ့ရင်း လန်ကျန့်ရင်ခွင်ထဲတိုးဝင်ပြီး
" အေးတယ်...အရမ်းအေးတယ်လန်ကျန့်
ငါ့ကိုဖတ်ထားပေး "" အင်း ! "
လန်ကျန့်ဝေ့ရင်းကိုခပ်တင်းတင်းဖတ်ထားလိုက်သည်
ဒေါက်..ဒေါက်
တံခါးခေါက်ပြီးတန်းဝင်လာတဲ့ လန်ရှန့်
" ပါပါး "
" ရှန့်လေး ဘာဖြစ်လို့လဲ "
ဝေ့ရင်းနဲ့လန်ကျန့်တန်းထလိုက်သည်
" ဟိုအစ်ကိုကသားကိုအောက်မှာအိပ်ခိုင်းတယ် "
" ဘာ! "
" ဝေ့ရင်း..လန်ရှန့်အခန်းကအရမ်းကျဥ်းတယ် နှစ်ယောက်အိပ်လို့မရဘူး "
"လန်ရှန့်ကနေမကောင်းဘူး အောက်မှာအိပ်လို့မရဘူး စောင်မပါပဲအိပ်လို့မရဘူး "
ဝေ့ရင်းပြောရင်း သားလက်ကိုဆွဲကာ ကျင်းလင်အခန်းထဲ ဝင်လာလိုက်သည်
" ကျင်းလင် "
စောင်နှစ်ထည်လုံးခြုံထားပြီး အိပ်နေတဲ့ ကျင်းလင်ကိုခေါ်လိုက်သည်