Part 6

5K 423 4
                                    


Part 6

"ကိုကို! "

မနက်မိုးလင်းတာနဲ့ ကိုကို့ကိုတွေ့ရတာကြောင့် ရှန့်လေးပြေးပြီး ကြိုဆိုလိုက်သည်

"ဘာဖြစ်လို့လဲ ချင်ရှန့် "

သူဆီပြေးလာပြီး သူရှေ့လည်းရောက်ရော ရင်ဘတ်လေးဖိကာ မျက်စီမှိတ်သွားတဲ့ ကလေးလေး

" မောလို့ကိုကို "

"ချင်ရှန့်လေးမောလို့လား..ပစ္စည်းတွေအများကြီးဝယ်လာတယ် "

"သိုးမွှေးစောင်ပဲ "

ဝမ်နင်းရောက်လာပြီ လန်သခင်လေးလက်ထဲက ပစ္စည်းတွေယူပြီး အိမ်ထဲသယ်သွားသည် လန်ရှန့်က
ကိုကိုလက်ကိုတွဲပြီး အိမ်ထဲခေါ်လာလိုက်သည်

"လန်ကျန့် "

" ဝေ့ရင်း "

" မင်းမပြန်သေးဘူးလား "

"အင်း "

"ကိုကိုကဘယ်ပြန်မှာလဲ ကူးစူးကိုပြန်ရမှာလား ကူးစူးက ဒီနဲ့အရမ်းဝေးလား "

" ဝေးတယ် သားလေး..အဲ့တာနောက်မှမေး
မနက်စာစားရအောင် "

လန်ကျန့်မနက်စာစားဖို့ဝင်ထိုင်လိုက်ပြီး ဆန်ပြုတ်ကိုစားလိုက်တော့

" အဟွတ်..အဟွတ် "

"ဘာဖြစ်လို့လဲ လန်ကျန့် "

" မင်းချက်တာလား ဝေ့ရင်း "

" အင်း "

" ချင်ရှန်ကို ဒီလိုမျိုးတော့ မချက်ကျွေးသင့်ပါဘူး "

" ကျွန်တော့်က ပါပါးချက်တာကြိုက်ပါတယ်
ကိုကိုမကြိုက်လို့လား "

"ကောင်းပါတယ် "

လန်ကျန့် .လန်ကျန့် သူချက်တာမစားနိုင်ပဲ ကလေးရှေ့မှာ သူကို့ချီးမွန်းလိုက်သေးသည်

" ပါပါး ဦးလေးနဲ့မုန်လာဥသွားရောင်းလိုက်အုန်းမယ် "

မနက်စာစားပြီးတော့ သားလေးကပြောသည် လန်ကျန့်က သူယူလာတဲ့ အပေါ်ဝတ်ထည်ကို သားလေးကို ဝတ်ပေးလိုက်သည်

" ကျေးဇူးတင်ပါတယ် ကိုကို "

ဝေ့ရင်း သားလေးတို့ထွက်သွားတာနဲ့ စိုက်ခင်းကိုထွက်လာခဲ့လိုက်သည်

နှောင်ကြိုးလေး { ခေတ္တရပ်နား }Where stories live. Discover now