Part 14
လန်ရှန့်နိုးနိုးချင်း လက်ထောက်ပြီးမှေးစက်နေတဲ့ လန်ကျန့်ကို တွေ့ရသည်
"ကိုကို "
ခေါ်သံကြောင့် လန်ကျန့်မျက်စီပွင့်လာသည်
" လန်လေး "
လန်ရှန့်ထထိုင်ပြီး
" ကျွန်တော့်မသေသေးဘူးလား "
" လန်လေး..ဝေ့ရင်းက လူသတ်သမား မဟုတ်ပါဘူး အဖေနဲ့..ကိုကိုနဲ့ ကူးစူးမှာ ပညာသင်ခဲ့တဲ့ ဆရာတူ
တပည့်တွေပါ "" ကိုကိုလိမ်တယ် "
လန်ကျန့်ပြုံးမိသည် သူ့ကဖြောင့်မက်မှန်ကန်တဲ့သူ သူ့စကားကထွက်တဲ့စကားတိုင်း ဘယ်သူ့ကမှ လိမ်ညာတယ်လို့မထင်ခဲ့ဘူး အခုသားလေးက သူနှုတ်စကားကို ပထမဦးဆုံး လိမ်တယ်လို့ ပြောတဲ့သူဖြစ်နေသည်
" ကိုကိုမလိမ်ပါဘူး လန်ရှန့်လေးက ဘာကြောင့်ကိုကိုလိမ်တယ်လို့ ထင်ရတာလဲ "
"ကိုကိုက တည်ငြိမ်တယ် တော်တယ်
သြဇာအာဏာလည်းရှီတယ် အရာရာကိုလေးလေးနတ်နတ် စဥ်းစားတယ် အနေအထိုင်လည်း သိမ်မွေ့တယ် "" ဝေ့ရင်းကကော ဘယ်လိုပုံစံမျိုးလဲ "
" ပါပါးက ပေါ့ပျက်ပျက်နဲ့ ဘယ်အရာမှလည်း အလေးမထားဘူး သိမ့်မွေ့မှုလည်းမရှီဘူး ပိုက်ဆံ..ပိုက်ဆံပဲရှာခိုင်းတယ် ဦးဦးဝမ်နင် ပိုက်ဆံပါမလာရင် ဒေါသကကြီးသေးတယ် "
သားလေးစကားကြောင့် လန်ကျန့်ပြုံးမိသည်
" ကိုကိုပြုံးတယ် ကိုကိုအပြုံးက မြင်ရခက်တယ် ပါပါးကတော့ ခဏခဏရယ်တယ် "
" ဝေ့ရင်းနဲ့ကိုကိုတူတာ တစ်ခုရှီတယ် "
" ဘာတူတာလဲ ကိုကို "
"လန်ရှန့်လေးကိုချစ်တာ "
"ဗျာ! "
မျက်လုံးဝိုင်းဝိုင်းလေးနဲ့ အံသြသွားတဲ့ ကောင်လေးကို ဖတ်လိုက်သည် သားလေးကိုယ့်သင်းနံက ချယ်ရီနံနဲ့တူတယ် အဖေ့သားလေး လန်ရှန့်
"လန်ကျန့်!.. စစ်ကျွေးနဲ့ အားလင်ကိုရှာမတွေ့...."
ဝေ့ရင်းဝင်လာတော့ သားလေးနိုးနေပြီး လန်ကျန့်က ဖတ်ထားသည်