Part 15
ညစာစားပွဲက တိတ်ဆတ်ခြောက်ကပ်နေသည် စစ်ကျွေးနဲ့ ကျင်းလင်ကလဲ အခုထိပြန်မလာသေးပေ သားလေးနဲ့ လန်ကျန့်ကလည်း တိတ်ဆိတ်စွာ စားသောက်နေသည်
" လန်ရှန့်စားလို့ကောင်းလား "
သားလေး ဝေ့ရင်းမေးတာပြန်မဖြေပဲ ထသွားသည်
" လန်ရှန့်!..လန်ရှန့် "
" ထားလိုက်ပါ ဝေ့ရင်း...ထမင်းဆက်စားပါ "
" မထားနိုင်တော့ဘူး "
ဝေ့ရင်းပြောပြီး သားလေးအခန်းထဲဝင်လာသည်
" မလာနဲ့ "
" လန်ရှန့်ကဘာကိုစိတ်ဆိုးနေတာလဲ ပါပါးကလူသတ်လို့လား လန်ရှန့်မမွေးခင်ကတည်းက ပါပါးလူတွေအများကြီးသတ်ခဲ့တယ် ဒါပေမဲ့ ပါပါးသတ်တဲ့သူတွေအကုန်လုံးက လူဆိုးမကောင်းဆိုးဝါးတွေကြည့်ပဲ မကောင်းတဲ့သူကို သတ်တာ ပါပါးမှားသွားလား လန်လေး "
လန်ရှန့်ခေါင်းရမ်းသည်
" အဲ့တာဆို ဘာလို့ပါပါးကိုစကားမပြောရတာလဲ သားစကားမပြောတဲ့အတွက် ပါပါးက လန်လေးကို တွေ့နေမြင်နေရပြီး လွမ်းနေရတယ် ပါပါးဆီလာပါအုန်း ကလေးလေးရယ် "
ဝေ့ရင်းလက်နှစ်ဖတ်ဆန့်ကာ သားလေးကိုခေါ်လိုက်သည်
" ပါပါး!"
သားလေးသူ့ရင်ခွင်ထဲဝင်လာသည် ဝေ့ရင်းသားလေးကို တင်းကျပ်စွာဖတ်ထားလိုက်သည်
" ပါပါးတောင်းပန်ပါတယ် ကလေးလေးရယ် နောက်ဆိုပါပါးကို အဲ့လိုသူစိမ်းမဆန်ပါနဲ့ ပါပါးမနေနိုင်လွန်းလို့ပါ "
လန်ကျန့်အထဲဝင်လာပြီး
" ဖတ်မထားနဲ့
လန်လေးအသက်ရှူကျပ်လိမ့်မယ် "လန်ကျန့်ပြောမှ ဝေ့ရင်းလွှတ်ပေးကာ သားလေးကို ကုတင်ပေါ်မှာ လှဲစေလိုက်သည်
" ပါပါးကို စကားပြောပါအုန်း ကလေးလေး "
လန်ရှန့်ဘာမှမပြောပဲ မျက်စီမှိတ်သွားသည်
" လန်ကျန့်! "
ဝေ့ရင်း လန်သခင်လေးကိုမော့ကြည့်ပြီး ခေါ်လိုက်သည်