Part 17
"လန်လေး ရေစိမ်နေတာကြာနေပြီ အပေါ်တက်တော့ "
ကျင်းလင်ပြေးလာပြီး အော်တာကြောင့် လန်လေး ရေစိမ်နေရင်းနဲ့ လှည့်ကြည့်ကာ
" ဘာလာလုပ်တာလဲ ဒီနေရာသူစိမ်းမဝင်ရဘူး "
လန်ရှန့်စကားကြောင့် ကုန်းဘော်မှာ လန်လေးကို
ထိုင်စောင့်ကြည့်နေတဲ့ စစ်ကျွေးပြုံးလိုက်သည်" ငါ့ကသူစိမ်းမဟုတ်ဘူး မင်းအစ်ကို "
" ကျွန်တော့်အစ်ကိုဆိုပေမဲ့ ကူးစူးကမှမဟုတ်တာ
ဒီနေရာကိုဝင်ခွင့်မရှီဘူး "" ဟန်ကွမ်ကျွင်းသားလို့မပြောရဘူး စည်းကမ်းကြီးလိုက်တာ "
"ကျင်းသခင်လေး "
ကျင်းလင်စကားမှားသွားတာကြောင့် စစ်ကျွေးသတိပေးလိုက်သည်
" ငါ့ဘာမှားလို့လဲ ဟုတ်နေတာပဲကိုး "
" ကျင်းသခင်လေး ဘာလာလုပ်တာလဲ "
" ဘာလာလုပ်ရမှာလဲ လန်ရှန်ကိုလာခေါ်တာ "
" လန်လေး ရေစိမ်နေတာကြာပြီ အပေါ်တက်တော့နော် "
" ဟုတ်ကဲ့ ကိုကို "
လန်ရှန့်ရေစိမ်နေရာကနေထလာပြီး အဝတ်အစားယူကာဝတ်ဆင်လိုက်သည်
"ဟက်ချိုး! "
" တွေ့လား ချောင်းဆိုးနေပြီ ဒီကလေးက စကားကို နားမထောင်ဘူး "
"ဘာဖြစ်လဲ "
လန်ရှန့်ပြောပြီး ရှေ့ဆုံးကနေထွက်သွားသည်
" ဖြေးဖြေးသွား "
ညီကိုစိတ်ပူနေတဲ့ ကျင်းသခင်လေးကိုကြည့်ပြီး စစ်ကျွေးပြုံးလိုက်သည်
" လန်လေးကို ချစ်ရဲ့သားနဲ့ စကားကိုဖြေးဖြေးသာသာပြောပါ "
" ဘယ်လိုပြောရမှာလဲ "
" မင်းတွေဘာတွေမသုံးနှုန်းပဲ လန်ရှန့်..လန်လေး ကြိုက်သလိုခေါ်လို့ရတယ်လေ ပြီးတော့လန်လေးကြောက်အောင် လိပ်ပြာပျိုနဲ့ မခြောက်ပါနဲ့ "
" မခြောက်ပါဘူး စစ်ကျွေး..အဲ့..အစ်ကိုစစ်ကျွေး "
စစ်ကျွေးပြုံးလိုက်သည် ကျင်းလင်က ဒီလိုကျတော့ ပြောရဆိုရလွယ်ပြီး လိမ်မာသားပဲ