Part 18

8K 380 53
                                    

Part 18

အမှောင်နက်ရွာ ( လကွယ်ရွာ )

"သခင်ကြီး "

" တီယာ မင်းဘာမှမပူနဲ့ ငါ့မင်းညီအတွက် ကလဲ့စားချေဖို့ ငါ့ရုပ်သေးရုပ်ဖန်တီးထားပြီးပြီ ဖန်တီးရတာကြာပြီး မလွယ်ကူလှပေမဲ့ အခုတော့ ငါ့တို့လိုချင်တဲ့ မှော်ရုပ်ကိုရပြီ "

" တီလင်းအလောင်းမှာတွေ့ရတဲ့ ဆံပင်မွှေးက ဘယ်သူဆံပင်မွှေးလဲ သခင်ကြီး အခုသခင်ကြီးခိုင်းတာ လိုက်လုပ်ရမဲ့ ရုပ်သေးရုပ်ကဘယ်သူ့လဲ "

" လန်ရှန့်ပဲ "

" ကောင်းတယ် အခုလန်ရှန့်နဲ့ ဝေ့ရင်းက ကူးစူးမှာရောက်နေတယ်လို့ သတင်းရတယ် သခင်ကြီး "

"အရမ်းစည်းကမ်းကြီးတဲ့ ကူးစူးမှာ လန်ရှန့်​ကို ငါ့ဘယ်လိုလုပ်မလဲ မင်းစောင့်ကြည့်နေ မကြာခင်မှာ လူတကာလေးစားရတဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ဟန်ကွမ်ကျွင်းက သားကြောင့် ဘယ်လိုဘဝပျက်မလဲဆိုတာ မင်းပြုံးပြုံးကြီးသာ စောင့်ကြည့်လိုက် "

" ဖြောင့်မတ်တဲ့ ဟန်ကွမ်ကျွင်းက မလိမ်မာတဲ့သားကို အရမ်းမုန်းတဲ့ထိ လုပ်ပေးပါ သခင်ကြီး ..အဲ့လိုသာဖြစ်ခဲ့ရင် အခံစားရဆုံးက ကျွန်တော့်ညီကို သတ်ခဲ့တဲ့  ရီလင်လောင်ဇူးပဲဖြစ်မှာ  "

" မင်းပြောသလိုဖြစ်စေရမယ် အခုလန်ရှန့်က ငါ့ကြိုးဆွဲရာကရမဲ့  အရုပ်ကလေးပါ..ဟားဟား "

သခင်ကြီးဟန်ဆန် မှော်ရုပ်ကိုကြည့်ပြီး ရယ်နေမိသည်

" ဒါနဲ့ သခင်လေး ရီလင်လောင်ဇူးက အရမ်းတော်တဲ့ မှော်ပညာရှင်လေ သူ့သားညို့ကွင်းမိနေတာကိုး မသိနိုင်ဘူးလား "

" သူကခန္ဓာကိုယ့်ပြောင်းထားပြီးကလေးမွေးထားတဲ့လူပဲ အရင်လို့အစွမ်းမထက်တော့ပါဘူး ပျော့ညံ့တဲ့လူသား ဖြစ်သွားပါပြီ "

တီယာပြုံးလိုက်သည် သူ့ညီသေသလို နောက်ဆုံး လန်ရှန်လေးလည်း လုံးပါးပါးပြီး သေစေရမယ်

🏡🌳🌳🌳

လန်ကျန့် သားလေးကိုအဝတ်အစားအသစ်ဝတ်ပေးလိုက်ပြီး ဝေ့ရင်းနဲ့ သားလေးကို ယုန်လေးတွေရှီတဲ့နေရာကိုခေါ်လာလိုက်သည်

You've reached the end of published parts.

⏰ Last updated: Mar 15, 2020 ⏰

Add this story to your Library to get notified about new parts!

နှောင်ကြိုးလေး { ခေတ္တရပ်နား }Where stories live. Discover now