Part 9

5.2K 412 5
                                    

Part 9

"သခင်ကြီး "

" တီယာ ဘာသိလာခဲ့လဲ

"ဟန်ကွမ်းကျွင်းနဲ့ရီလင်လောင်ဇူ တကယ်ပဲလက်ထပ်လိုက်ပြီ "

" ငါ့သိချင်တာ လန်ရှန့် "

" အဲ့ကလေးကိုဖမ်းဖို့မလွယ်ဘူး သခင်ကြီး  "

"ဖမ်းခဲ့..ရအောင်ဖမ်းခေါ်ခဲ့ လကွယ်ရွာမှာ လပြည့်လာပြီး စွမ်းအားတက်ဖို့ အဲ့ကလေးသွေးကို သောက်ရမှဖြစ်မယ် အဲ့ကလေးက သာမန်ကလေးမဟုတ်ဘူး ရီလင်လောင်ဇူရဲ့သားပဲ "

"ရီလင်သခင်ကြီးရဲ့သားကို ရအောင်ဖမ်းခေါ်လာခဲ့ပါမယ် သခင်ကြီး "

တီယာနဲ့တီလင်း ညီအစ်ကိုနှစ်ယောက် သေဆုံးပြီးသားဖုတ်ကောင်တွေနဲ့အတူ  ပန်းခက်တောင်ကို ထွက်လာခဲ့လိုက်သည်

"ဘယ်သူလဲ.."

လန်ရှန့်အိပ်နေရင်းနဲ့ သီချင်းသံကိုကြားပြီး အိမ်အပြင်ကိုထွက်လာခဲ့လိုက်သည်

"ဘယ်သူလဲ..လူရှီလား "

"ကလေး "

"ဖိုးဖိုး ညဥ်နက်ကြီးဒီကို ဘယ်လိုရောက်လာတာလဲ "

" ဖိုးဖိုးကခရီးသွားပါ ဗိုက်ဆာလို့ အစာလေးဘာလေးမရှီဘူးလား "

" ရှီပါတယ်ဖိုးဖိုး..ဒါနဲ့ဖိုးဖိုးတစ်ယောက်တည်း ဒီတောင်ပေါ်ကိုဘယ်လိုတက်လာတာလဲ "

" ဒါကလား.."

" ဦးတို့လိုက်ပို့တာပါ "

နောက်ကနေပေါ်ထွက်လာတဲ့လူသုံးဦး မျက်လုံးတွေကနီနေသည်

"သရဲ..သရဲ "

လန်ရှန်အိမ်ဘက်ကိုပြေးလာလိုက်သည်

"သရဲ..သရဲ "

လန်ရှန့်ပြေးလာရင်းမောပြီးလဲကျသွားသည်

"ဟားဟား..ဟီးဟီး "

သရဲတွေသူဆီဝိုင်းလာနေစဥ်

"အား "

ကြောက်ပြီးမျက်လုံးကိုမှိတ်ထားနေစဥ် ဗျတ်စောင်းအသံကြားရသည် 

" ကိုကို "

မျက်စီဖွင့်ကြည့်လိုက်တော့ သူရှေ့မှာရှီနေတဲ့ ကိုကို့ကို တွေ့ ရသည်

နှောင်ကြိုးလေး { ခေတ္တရပ်နား }Where stories live. Discover now