Zawgyi
"ခင်ဗျားက ဘယ်သူလဲ..."
ကျောင်းမှပြန်ရောက်ရောက်ချင်း သူ့အခန်းထဲတွင် ရောက်နေသည့်သူကို သူ မေးသည်။ ထိုသူသည် ဆယ်ကျော်သက်တစ်ယောက်၏ အခန်းနံရံများကို ငေးကြည့်နေခဲ့သည်။ အတိအကျပြောရလျှင် ဝင်ပေါက်တွင် ရပ်နေသည့် သူ့အခန်းနံရံကို ကျောပေးကာ ထိုသူသည် နံရံပေါ်ရှိ ပိုစတာများကို ကြည့်နေခြင်းပေ။
"အာ ဆောရီး... မင်းလန့်သွားလား?"
ထိုသူသည် သူ့ဘက်သို့လှည့်ကြည့်လာ၏။ လန့်သွားလားဆိုတုန်းက မလန့်ခဲ့သော်လည်း ထိုသူ့ရုပ်သွင်ကို မြင်သည့်အချိန်ကျတော့မှ သူ လန့်သွားသည်ဟု ဆိုရလိမ့်မည်။
အမှန်ပင် ထိုသူကိုမြင်သည့်အချိန်တွင် သူ လန့်သွားခဲ့သည်။
"ဆောရီး မင်း အခန်းထဲ ဗြုန်းစားကြီး လူတစ်ယောက်ကို မြင်လိုက်ရတာကို လန့်သွားရောပေါ့..."
ကြက်သေသေနေသည့် သူ့ကိုကြည့်ကာ ထိုသူသည် ရယ်ရယ်ပြုံးပြုံးဆိုသည်။ အသံတစ်သံပင် မထွက်နိုင်ဘဲ သူ ငြိမ်ငြိမ်သက်သက် ထိုသူကို ကြည့်နေမိဆဲ။
"မင်း အိမ်တံခါး lock code ကို ငါ သိတယ်လေ..."
အသက် ၃၀ ကျော်ဟုထင်ရသည့် အမျိုးသားသည် သူ့ကို ထည့်ပြောလာခဲ့သည်။ စကားခွန်းပေါင်းများစွာပြောနေသည့်တိုင် သူ့ဘက်မှ တစ်ခွန်းမျှတုံ့ပြန်ခြင်းမရှိသည်မို့ ထိုအမျိုးသားသည် အနည်းငယ် စိတ်အိုက်သွားဟန်ဖြင့် ခေါင်းအနောက်ဘက်ကို ကုတ်လေ၏။
"ခန့်ငြိမ်းကို!? မင်း အ နေတာတော့မဟုတ်ပါဘူးနော်..."
ထိုသူ၏ အသံကိုအနည်းငယ်မြှင့်ကာ ပြောလိုက်မှုကြောင့် သူ အနည်းငယ်လှုပ်လှုပ်ခတ်ခတ်ဖြစ်သွား၏။
"ခင်ဗျားက..."
ခင်ဗျားကဟု ပြောပြီးနောက် သူ စကားလည်း မဆက်တတ်ပြန်။
သူ့အဖြစ်က...
ရုပ်ရှင်များထဲကလို အနာဂတ်ကိုယ်က ကိုယ့်ကိုပြန်လာကြည့်သည့်အဖြစ်မျိုး။ ထိုသူက သူ့ရဲ့အနာဂတ်တွင် ဖြစ်လာမည့်ပုံစံဆိုသည်ကို သူ ကောင်းကောင်းသိသည်။ နောက်ပြီး သူလိုလူမျိုးက များများစားစားမှ မရှိတာ။ သွေးမရှိသည့် အဖြူရောင်အရေပြား၊ ခရမ်းစွဲရောင်မျက်ဝန်း၊ ဖြူဆွတ်နေသည့် မျက်တောင်များနှင့် ခေါင်းထက်ရှိဆံပင်။
YOU ARE READING
Eaftós Mania [OwnCreation]
RandomLove yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's what he said.