Part Time Job

1.7K 265 13
                                    

Zawgyi

တစ်ယောက်တည်းရှိနေရသည့်အချိန်တို့ကို သူ မနှစ်သက်။

အစပထမတုန်းက လူများကိုသတ်ခြင်းသည် သူ့အတွက် စိတ်ဖြေရာတစ်ခုအဖြစ် ရှိနေခဲ့သည်။

နောက်တော့...

လူသတ်သမားကို ရဲတို့သည် လိုက်ဖမ်းကြသည်။

ထိုသူတို့သည် သူ့ကို မိလိုကြသည်။

သူ့ကို အခြားသူတို့သည် လိုက်ရှာကြသည်။

ထိုသည်က သူ့စိတ်ကို ကျေနပ်မှုပေးသည်။

သို့သော် ထိုသူတို့က သူ့ကို မရှာနိုင်ချိန်တွင် သူ ညည်းငွေ့လာ၏။

ဘာကြောင့်များ သူတို့က လူလေးတစ်ယောက်တောင် ကောင်းကောင်းမရှာနိုင်ကြရတာလဲ။

သူ ဒီလောက်သဲလွန်စတွေထားထားပေးတဲ့ဟာကို။

အထီးကျန်တယ်...

သူ တစ်ယောက်တည်းက အရမ်းကို အထီးကျန်တယ်...

ဒါကြောင့်... သူ...

ဆယ်ကျော်သက်ကောင်လေးသည် မျက်လုံးများကိုဖွင့်၏။ သူ့ဘေးတွင် အနာဂတ်မှလာသည့် သူသည် အိပ်မောကျနေခဲ့သည်။ သူတို့အတူတူအိပ်စက်သည့် အချိန်များကို သူ နှစ်သက်သည်။

"အစကတည်းက ငါတို့က အခုလိုပဲ ရှိသင့်တာ..."

အိပ်မောကျနေသည့် လူလတ်ပိုင်းအမျိုးသားကို သူ ပြုံး၍ကြည့်၏။ ထို့နောက် ကျနေသည့် ဆံပင်များကို သူ လက်ဖြင့်အသာဖွဖွသပ်သည်။

"နောက်တစ်ခါ ငါ အမှားကို မကျူးလွန်တော့ဘူး..."

ကိုယ်ကိုကိုင်းညွှတ်ကာ လွတ်နေသည့် နဖူးဘေးစပ်ကို သူ ခပ်ဖွဖွနမ်းသည်။

သူ ထပ်မမှားတော့ဘူး။ သူ့ဘဝတွင် သူ တစ်ယောက်တည်းရှိတာ။ ထို့အတွက် သူ့ကိုယ်သူသာ သူ ချစ်ချင်တော့သည်။ ပြေးတမ်းလိုက်တမ်း၊ အခြားသူများက သူ့ကို ရှာတွေ့ဖို့။ သူ ဘယ်အရာကိုမျှ မလိုချင်တော့ဘူး။

"ပြောကြည့်... ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရှိရင် ရပြီမဟုတ်လား..."

တစ်ဖက်သူသည် လူးလွန့်သွားသော်လည်း နိုးမလာ။ သူ ခပ်ပါးပါးပြုံး၍သာ ခုတင်ထက်မှ ဆင်းလေသည်။ သူ ကျောင်းသွားဖို့ လိုအပ်နေသေးသည်မဟုတ်လား။

Eaftós Mania [OwnCreation]Donde viven las historias. Descúbrelo ahora