They are much more obedient.

2.2K 325 7
                                    

Zawgyi

"အာ... အိမ်မှာတစ်ယောက်တည်းနေရတာ ပျင်းဖို့ကောင်းလိုက်တာ..."

နေ့ခင်းဘက်တွေမှာ သူ ကြည့်စရာမရှိဘူး။

ခြေထောက်သည် ခုံပေါ်တွင် လူသည်ကြမ်းပေါ်တွင်။ ဇောက်ထိုးထိုင်နေရင်းမှ သူ စဉ်းစားနေ၏။ မြင်ကွင်းထဲရှိနေသည်က မျက်နှာကျက်သာမို့ သူ မျက်နှာကျက်ကိုသာ ကြည့်နေခဲ့သည်။

အသက် ၃၃ နှစ်အရွယ် လူရွယ်တစ်ယောက်။ အလုပ်လက်မဲ့ဖြစ်နေကာ အိမ်တွင်တစ်ကိုယ်တည်းနေပြီး ကျောင်းသားတစ်ယောက် ပြန်အလာကို စောင့်နေရသည်။

ထိုကျောင်းသားကလည်း သူဖြစ်နေပေမဲ့လည်းပေါ့။

"ဟူး..."

ပျင်းပျင်းနှင့် သူ လေပူမှုတ်ထုတ်၏။ ပျင်းတယ်... လုပ်စရာမရှိခြင်းသည် သူ့ကို သေစေလောက်သည်။

လုပ်စရာ...

ခန့်ငြိမ်းကို ဧည့်ခန်းကိုလျှောက်ကြည့်လိုက်၏။ အကုန်ကြည့်ပြီး သူ လုပ်ချင်စရာမတွေ့တော့မှ...

"လုပ်ချင်စရာကလည်း ငါ့ကိုယ်ငါပဲရှိတာပဲ..."

စိတ်ညစ်ညူးသည့်အသံဖြင့် သူ့ဘောင်းဘီဂွကို သူ ကိုင်လေသည်။ အင်း သူ့မှာ လုပ်စရာက ဒါပဲရှိတယ်။

စိတ်ကူးဖြင့် သူ မှန်းဆ၏။

အင်း... သူ့ရဲ့နောက်ဆုံးသားကောင်က ဘယ်သူပါလိမ့်။

အတွေးတွင်ခပ်ရေးရေးပေါ်လာသည့် ပုံရိပ်အချို့။ ရုံးခန်းတစ်ခု။ လူဖြူတစ်ဦးနှင့်သူသည် တံခါးနားတွင် ပူးကပ်နေကြသည်။ ထိုလူဖြူသည် သူ့ကို တံခါးနှင့်ကြီးမားသည့်ခန္ဓာကိုယ်အကြား ဖိညှပ်ထား၏။

ကြမ်းတမ်းသည့် အနမ်းသည် သူ့ကိုစိတ်ပါလာစေသည်။

မျက်လုံးများကိုမှိတ်၍ သူ့လက်ကိုဆက်လှုပ်ရှားနေ၏။

ရယ်ရသည်။ သူသည် လစာကောင်းသည့် ကုမ္ပဏီတစ်ခုတွင် မထင်မရှားလုပ်သားတစ်ဦးဖြစ်သည်။ သူ့အရည်အချင်းက အခြားသူများ သတိထားမိနိုင်လောက်အောင် မဟုတ်သော်လည်း လုပ်သားလျှော့ချိန်တွင် အလျှော့ခံရမည့်စာရင်းတွင် ပါသွားနိုင်သည်လည်းမဟုတ်ပြန်။

Eaftós Mania [OwnCreation]Where stories live. Discover now