Zawgyi
"ငါတို့အခုလိုထွက်လာတာ အဆင်ပြေပါ့မလား..."
"ဘာလို့အဆင်မပြေတာလဲ..."
"ငါနဲ့မင်းက တအားရုပ်ချင်းဆင်နေတယ်လေ..."
"Mask တပ်ထားလိုက်..."
သူ့ မျက်နှာပေါ်သို့ Mask ဆွဲတင်လာသည့် ဆယ်ကျော်သက်ကောင်လေးကြောင့် ခန့်ငြိမ်းကို ငြိမ်ကျသွားတော့သည်။ အများသုံးယာဉ်ပေါ်တွင် ဖြစ်နေသည့်တိုင် ထိုကောင်လေးသည် သူ့လက်များကို ဆုတ်ကိုင်ထားဆဲ။ အခြားသူများ၏ အကြည့်ကိုဂရုမစိုက်ဘဲ ထိုကောင်လေးသည် ပြတင်းအပြင်ကို ကြည့်နေသည့် သူ့ကိုသာ ဂရုတစိုက်ငေးကြည့်နေခဲ့သည်။
သူ ထိုကောင်လေးကို မည်သည့်စကားမျှ မပြောဖြစ်။ တစ်လမ်းလုံးတိတ်ဆိတ်စွာသာ နေနေခဲ့၏။ သူတို့ဆင်းရမည့် မှတ်တိုင်တွင်လည်း ထိုကောင်လေးသည် သူ့လက်ကိုဆွဲ၍ပင် ဆင်းလာခဲ့သည်။ ပလက်ဖောင်းလမ်းတစ်လျှောက် လက်တွဲမဖြုတ်ဘဲ ထိုကောင်လေးသည် သူ့လက်ကို တွဲခဲ့ချေ၏။
ဆယ်ကျော်သက် ခန့်ငြိမ်းကိုတစ်ယောက် သူ့လက်ကို အစပိုင်းက အနည်းငယ်ရုန်းသော်လည်း မရုန်းဘဲ ငြိမ်ကျသွားသည့် အနာဂတ်မှလာသူကို ကြည့်ကာ ကျေနပ်စွာပြုံးသည်။
လူတို့က အသက်ပိုကြီးလာလျှင် အတွေးပိုများလာသည် ဆိုသည့်စကားက မှန်ကန်သည်။ ဘာကြောင့်ဆို သူ့ထက် ထိုသူက ပို၍အတွေးများနေသည်မဟုတ်လား။
အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် သူတို့က အတွေးအတူတူလောက်ဖြစ်သင့်တာ။
ဆယ်ကျော်သက်ကောင်လေးသည် တိတ်တဆိတ်သဘောကျစွာရယ်သည်။
ဟုတ်သည်။ သူတို့၏အတွေးက မတိမ်းမယိမ်းသာ ဖြစ်သင့်တာ။
"ခင်ဗျားလက်ကို ကျွန်တော် ဘယ်တော့မှ ဖြုတ်မှာမဟုတ်ဘူး..."
သူ လှည့်၍ပြောသည်။ ဆူညံနေသည့် လူအုပ်နှင့် ကိုယ့်အာရုံနှင့်ကိုယ်ဖြစ်နေကြသည့် လူအများကြားတွင် သူ့စကားသည် အနာဂတ်မှရောက်လာသူသာ ကြားရလောက်သည့် စကားမျိုးဖြစ်ခဲ့၏။
ယောကျာ်းလေးနှစ်ယောက် လက်ချင်းတွဲကာ လျှောက်သွားကြသည့် မြင်ကွင်းကို အချို့သည် စိတ်ဝင်တစား ကြည့်ကြသော်လည်း မည်သူမျှတော့ သူတို့ကို ရေရှည်မကြည့်ခဲ့။
YOU ARE READING
Eaftós Mania [OwnCreation]
RandomLove yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's what he said.