Farewell

1.6K 286 4
                                    

Zawgyi

"မင်း!"

အိမ်ထဲရှိလူတစ်ယောက်၏ အလောင်းကိုကြည့်ကာ သူ အလန့်တကြားရေရွတ်သည်။ ညီညာစွာဖြတ်ချထားသည့် ခေါင်းမှ မျက်လုံးများသည် ခြေတစ်လှမ်းချင်း ဝင်လာသည့် သူ့ကို လိုက်ကြည့်နေသလိုပင်။ ထို မျက်လုံးများတွင် အသက်သည် ကင်းမဲ့နေချေသော်လည်း သူ့စိတ်ထဲတွင် ထိုမျက်လုံးများက သူ့ကို ကြည့်နေသည်ဟု ခံစားနေရဆဲ။

"တချို့ အရာတွေက ဘယ်လောက်ရှောင်ရှောင် မရဘူးထင်ပါရဲ့..."

ဆယ်ကျော်သက်ကောင်ကလေးသည် အေးစက်စွာပြောသည်။ သူ အသက်ကိုတခဏအောင့်မိ၏။ သူ့စိတ်တစ်ခုလုံးသည် ဘာကိုခံစားနေမိမှန်းမသိနိုင်လောက်အောင် ရှုပ်ထွေးနေခဲ့သည်။

"မင်း သူနဲ့အိပ်ခဲ့လား?"

အသက်အောင့်၊ ပြန်ရှူထုတ် စိတ်ငြိမ်အောင်လုပ်ပြီးချိန်တွင် သူ ပထမဆုံးမေးမိသည့်မေးခွန်း။ ထိုမေးခွန်းကို ဘာကြောင့်များ မေးမိတာလဲဟု သူ့ကိုယ်သူပင် မသဲကွဲတော့။ တကယ်ဆိုရင် သူမေးရမှာဒါမဟုတ်ဘူးလေ။

"ခင်ဗျားအရင်မေးတာ ဒီမေးခွန်းလား"

ဦးခေါင်းမဲ့နေသည့် ခန္ဓာကိုယ်ပေါ်တွင် ထိုင်နေရင်းမှ ထိုကောင်လေးသည် သူ့ကိုပြန်မေးခွန်းထုတ်လာ၏။ သူ့မေးခွန်းက အရင်ဆုံးမမေးသင့်သည့် မေးခွန်းမှန်း သူ သိသော်လည်း တစ်ဖက်သူက သူ့ကို ထောက်ပြပြောဆိုချိန်တွင် သူ့မျက်နှာမရဲဘဲမနေနိုင်။

"ငါ..."

"မအိပ်ခဲ့ဘူး..."

သူ့ထံမှတင်းကြပ်နေသည့် အမူအရာတို့ပြေလျော့သွားသည့်ဟန်ကိုကြည့်ပြီး ထိုကောင်လေးသည် ခပ်တိုးတိုးရယ်၏။

"နမ်းတော့နမ်းခဲ့ဖြစ်တယ်..."

သူ့ကိုယ်လုံးသည် တောင့်ခနဲဖြစ်သွားခဲ့သည်။

"ဘာလို့ကျွန်တော့်ဆီမလာတာလဲ..."

သွေးများပေကြံနေသည့် လက်များကိုကမ်းပေးကာ ထိုကောင်လေးသည် သူ့ကိုခေါ်ခဲ့သည်။

အလောင်းသည် ခုတင်အောက်ကြမ်းတွင် ထိုကောင်လေးသည် အလောင်းကို ဖင်ခုထိုင်ထား၏။ သူက ထိုကောင်လေး၏ ရင်ခွင်ထဲတွင် အင်း အကျဉ်းချုံးပြောရလျှင်တော့ သူလည်း ထိုအလောင်းကို မှီထိုင်ထားတာပါပဲ။

Eaftós Mania [OwnCreation]Where stories live. Discover now