Zawgyi
"ဘာလို့ရန်လိုနေတာလဲ ငါက မင်းပဲကို..."
ခပ်စူးစူးကြည့်နေသည့် မျက်လုံးများက ကိုယ့်ရန်ဘက်ကိုကြည့်နေသည့် သားရဲလေးပမာ။ ခန့်ငြိမ်းကို စိတ်ထဲရှိ မသက်မသာခံစားရမှုကို အတင်းဖိနှိပ်ထားနေရသည်။ တကယ်ပဲ။ သူ့ရဲ့ဆယ်ကျော်သက်ကောင်လေးက သူ့ကို နည်းနည်းလေးတော့ ထိတ်လန့်အောင်လုပ်နိုင်တယ်။
"မပြောနိုင်ဘူးလား?"
ထိုကောင်လေးသည် သူ့ကို မျက်လုံးများမှေးကျဉ်းကာ စိုက်ကြည့်သည်။ သူ တစ်ခွန်းမျှပြန်မဖြေခဲ့။ သူ့နှုတ်ခမ်းများတင်းတင်းစေ့ထားမှုကြောင့် ဆယ်ကျော်သက်လေးခန့်ငြိမ်းကိုသည် ဆွဲကိုင်ထားသည့် လက်ကောက်ဝတ်ကို ဆောင့်တွန်းလွှတ်လေတော့သည်။ ထို့နောက် တစ်ဆက်တည်း အိပ်ခန်းထဲမှ သူ့ကို ကန်ထုတ်လိုက်ချေ၏။
ရုတ်တရက်အပြင်သို့ရောက်သွားမှုကြောင့် ခန့်ငြိမ်းကို ကြောင်အကာ အနောက်သို့ပြန်လှည့်သည့် တံခါးကိုဆောင့်ပိတ်သံနှင့်အတူ အထဲမှလော့ချသံကိုပါ တစ်ဆက်တည်း သူကြားလိုက်ရ၏။
"အဲ..."
လူသာငယ်နေသေးတာ။ သူ့ဒေါသကလည်း မသေးလှပါလား။ ဆယ်ကျော်သက်အရွယ်တုန်းက သူ ထိုမျှထိ စိတ်ဆတ်သလား။ ခန့်ငြိမ်းကို ပိတ်ထားသည့် တံခါးကို ရပ်ကြည့်နေရင်းဖြင့် တွေးလေသည်။ ထို့နောက် အနောက်သို့လှည့်၏။
တိတ်ဆိတ်သည့် ဧည့်ခန်းကသူ့ကို ဆီးကြိုနေခဲ့သည်။ တိတ်ဆိတ်သော၊ ရင်းနှီးသော ထို့အပြင် လွမ်းဆွတ်ဖွယ်ကောင်းသော။
အတိတ်တွင် သူနေခဲ့ဖူးသည်မို့ ပစ္စည်းအထားအသိုသည် သူနှင့်အကျွမ်းတဝင်ရှိနေပြီးသားပေ။ ဧည့်ခန်းကိုဖြတ်ပြီးနောက် သူ မီးဖိုခန်းသို့ ဝင်လာလိုက်၏။ ရေခဲသေတ္တာကိုဖွင့်ချိန်တွင် ပေါင်မုန့်တစ်လုံးနှင့် ဒိတ်လွန်နေသည့် နို့ဘူးကိုသာ တွေ့ရလေသည်။
"ဒီညတော့ ရေသောက်ဗိုက်မှောက်ပြီး အိပ်ရမှာပေါ့..."
သူ ခပ်တိုးတိုးပြောသည်။ ရေခဲသေတ္တာထဲမှ ရေတစ်ဘူးကို ဆွဲထုတ်ကာ သူ သောက်၏။ ထို့နောက်တံခါးကိုပြန်ပိတ်သည်။ ရေခဲသေတ္တာထဲမှ ပေါင်မုန့်ထုတ်နှင့်နို့ဘူးကိုတော့ ဆွဲယူလွှင့်ပစ်ဖို့ရာ သူ မမေ့။
ESTÁS LEYENDO
Eaftós Mania [OwnCreation]
De TodoLove yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's what he said.