Zawgyi
"မင်း အလုပ်က ပင်ပန်းလား..."
"မပင်ပန်းပါဘူး..."
ဆယ်ကျော်သက်ကောင်လေး၏ ပခုံးများကိုထုပေးနေရင်းမှ လူလတ်ပိုင်းအရွယ်ခန့်ငြိမ်းကိုသည် သက်ပြင်းရှိုက်၏။
"တကယ်ဆို ငါကအလုပ်လုပ်ရမှာမဟုတ်ဘူးလား..."
"အလုပ်လုပ်နေရင်းနဲ့ ခင်ဗျားပျောက်သွားရင် ဘယ်လိုလုပ်ကြမလဲ..."
"ငါ မရှိတော့ဘူးလို့ မင်းပြောလိုက်ပေါ့... ငါက မင်းရဲ့ အစ်ကို... အဲ့လိုမျိုးပြောပြီး အလုပ်ဝင်ရမလား..."
"နေပါတော့... မှတ်ပုံတင်လည်း ရှိတာမဟုတ်ဘဲနဲ့..."
သူတိတ်သွားပြန်သည်။ တကယ်ဆို သူက အကြီးလေ... အဲ့ဒါကို အငယ်က ကျောင်းလည်းတက်ရသေး၊ ပိုက်ဆံလည်းရှာရသေးဆိုတာက တစ်မျိုးကြီး။
"အခုသူ့ဆီမှာ အလုပ်အတူတူ လုပ်တော့ မင်းတို့နှစ်ယောက်က အတူတူရှိတဲ့အချိန်ပိုများသွားမှာပေါ့..."
သူ့ပခုံးကို နှိပ်နယ်လိုက်ထုပေးလိုက်လုပ်နေသည့် လက်များကို ခန့်ငြိမ်းကို ဆွဲယူသည်။ အနောက်သို့ သူလှည့်ချိန်တွင် သူ့ကို ကြည့်နေသည့် လူလတ်ပိုင်းအရွယ်အမျိုးသား၏ မျက်လုံးများနှင့် အကြည့်ချင်းဆုံလေ၏။
"သဝန်တိုတာလား..."
ရယ်ဟဟမေးသည့် မေးခွန်းကြောင့် သူ့ထက်အသက်ကြီးရင့်သည့် အမျိုးသား၏ မျက်ခုံးများသည် တွန့်ချိုးသွား၏။ တစ်ဖက်သို့လှည့်သွားကာ အသံတိုးတိုးဖြင့်...
"ငါ့ကိုယ်ငါ ဘာလို့ သဝန်တိုရမှာလဲ..."
ထိုသို့ပြောကတည်းက သဝန်တိုနေသည်ဆိုသည်က အသိသာပင်။
"ဒီကိုလာ..."
သူ့ဘေးတွင်ထိုင်ချလာသည့် အမျိုးသား၏ ပခုံးပေါ်သို့ သူ ခေါင်းအသာမှီ၏။
"ခင်ဗျားနဲ့သူ အိပ်တုန်းက ဘယ်လိုမျိုးလဲ..."
"သူက ငါ့ကို သဘောကျနေတာ... အဲ့ဒီအချိန်တုန်းက ငါ့မိဘတွေ ဆုံးလို့ ငါ ဝမ်းနည်းနေရတဲ့အချိန်ပေါ့..."
ထိုသူသည် စကားကိုခဏရပ်၏။ ထို့နောက်မှ ထပ်ဖြည့်ပြောလေသည်။
YOU ARE READING
Eaftós Mania [OwnCreation]
RandomLove yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's what he said.