Zawgyi
"မင်းတွဲနေတဲ့သူကို ငါတို့လည်း မသိရပါလား..."
ညနေဆိုင်ပိတ်ချိန်တွင် စားပွဲခုံများကို အဝတ်ဖြင့် လိုက်တိုက်နေရင်းမှ သူ့ကို မေးလာသည့် လုပ်ဖော်ကိုင်ဖက်အစ်ကိုဖြစ်သူကို သူ ပြုံးပြဖြစ်သည်။
"သူက နည်းနည်းရှက်တတ်တယ်..."
"တစ်ယောက်နဲ့တစ်ယောက်တွဲတာ ဘာရှက်စရာလိုလို့လဲ..."
မကျေမချမ်းအသံတိုးတိုးဖြင့် ပြောလာသူက သူ့သူငယ်ချင်းလေး။ ထိုသူငယ်ချင်းဖြစ်သူသည် သူ့ကို ကြိတ်သဘောကျနေသူ ဖြစ်ပြီး သူ့အပြုအမူတိုင်းကို လိုက်ပြီးသတိထားနေသူဖြစ်သည်။ သူ့ကို သတိထားမိခြင်းကို သူ မနှစ်သက်။ ထို့အပြင် ထိုသူငယ်ချင်းလေး ပြုမိဖူးသည့် အပြစ်ကိုလည်း သူ မနှစ်သက်။
"သူက အဆင်သင့်မဖြစ်သေးဘူးလေ..."
မျက်တောင်မခတ်ဘဲ သူခပ်တည်တည်ဖြင့် လိမ်၏။ ထိုသူ၏ အရှက်မရှိမှုကိုသူကောင်းကောင်းသိတာပေါ့။ ရှေ့ထွက်ရအောင်ဆိုလျှင် ဆိုင်ကို ချောင်းပေါက်မတတ်လာပြီး သူ့ကို လာကြိုဖို့ပင် ကြိုးစားလိမ့်ဦးမည်။
သူ့ကိုလာကြိုဖို့...
အတွေးဖြင့် သူ့နှုတ်ခမ်းများသည် ကော့ညွှတ်သွားရ၏။ အနာဂတ်မှသူ့ထံသို့ ရောက်လာသည့် ထိုသူအကြောင်း တွေးမိလျှင် သူ့နှုတ်ခမ်းတို့သည် မပြုံးဘဲ မနေနိုင်။
"ဟဟ မင်း သူ့ကို တော်တော်သဘောကျပုံပဲ..."
"အမ်..."
"ပုံမှန်ဆို မင်းက သိပ်အရယ်အပြုံးမရှိပေမဲ့ အခု မင်းတွဲနေတဲ့ ကောင်မလေးအကြောင်း ပြောလိုက်ရင် ပြုံးနေတာပဲ..."
သူ တစ်ခုခုကိုပြောသင့်လားစဉ်းစားသည့်အနေဖြင့် တစ်ခဏစဉ်းစား၏။ ထို့နောက် ထိုကိစ္စက သူ့အတွက် ထမင်းစားရေသောက်ပမာ အလွန်သမားရိုးကျဆန်နေသည်ဟူသည့် အသံမျိုးဖြင့်...
"သူက ယောကျာ်းလေး..."
သူ ခပ်တိုးတိုးပြော၏။ တံမြက်စည်းလှည်းနေ၊ ခုံတိုက်နေသည့် လုပ်ဖော်ကိုင်ဖက် အချို့သည် ငြိမ်ကျသွားခဲ့သည်။ သူသည် မည်သို့မျှမနေသည့် ဟန်မျိုးဖြင့် သူ လုပ်စရာရှိသည်တို့ကို လက်စသတ်ပြီးနောက် အံ့သြနေသေးသည့် သူများကိုကြည့်သည်။
YOU ARE READING
Eaftós Mania [OwnCreation]
RandomLove yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's what he said.