Zawgyi
လူတို့သည် မွေးဖွားစကတည်းက လိင်တူချစ်ကြိုက်သူများဖြစ်ကြသည်။ အကြောင်းမှာလူတို့၏ အချစ်ဦးသည် ကိုယ်ကိုယ်တိုင်ပင် ဖြစ်၍ပင်။
ဘယ်သူကများထိုသို့ပေါက်ပေါက်ရှာရှာရေးထားပါလိမ့်။
ကျောင်းနံရံများရှိစာကိုဖတ်ကာ သူ ပြုံးဖြစ်၏။
"ခန့်ငြိမ်း..."
"အင်း..."
တစ်ဖက်မှ မည်သည့်စကားမျှမပြောသောကြောင့် သူ လှည့်ကြည့်တော့ သူ့ကိုခေါင်းယမ်းပြလာသည့် သူငယ်ချင်း။
"ဟင့်အင်း မဟုတ်တော့ဘူး..."
"အင်း..."
သူ မည်သည့်စကားမျှမဆိုဘဲ ကျောင်းနံရံများကို ဥပက္ခာပြုကာ အတန်းဆီသို့ လျှောက်သွားလိုက်သည်။
"ဒီနေ့ ငါတို့သီချင်းသွားဆိုမလို့ လိုက်မှာလား..."
"ဟင့်အင်း..."
သူငယ်ချင်းဖြစ်သူကို သူ ခပ်အေးအေးပဲငြင်းဆို၏။ စိတ်ပါလျှင်လူများနှင့်ရောထွေးတတ်ပြီး စိတ်မပါလျှင်လည်း အကုန်လုံးနှင့် ခပ်တန်းတန်းနေတတ်သည့် သူ့စရိုက်ကို နားလည်စွာဖြင့် သူငယ်ချင်းဖြစ်သူသည် နောက်တစ်ခွန်းထပ်၍ မပြော။
အတန်းတွင် ကိုယ့်နေရာကိုယ် ထိုင်နေကြရင်းမှ ခန့်ငြိမ်းကိုကို ထိုကောင်လေးသည် မေးခွန်းပြန်ထုတ်သည်။
"မင်း အခုတလော တစ်ယောက်ယောက်နဲ့များ တွေ့နေတာလား?"
"ဘာလို့လဲ..."
စာအုပ်ထုတ်နေရင်း ပြန်မေးလာသည့် ခန့်ငြိမ်းကို ကို သူငယ်ချင်းကောင်လေးသည် ကြည့်ပြီးနောက် မျက်နှာလွှဲ၏။ အနည်းငယ်နီမြန်းသော မျက်နှာဖြင့် အတန်းရှေ့မှ သင်ပုန်းကို ကြည့်ကာ...
"မင်း အရင်ထက်စာရင် ပိုပြီး ပြုံးလာလို့..."
"ငါက အရင်က မပြုံးလို့လား?"
မျက်ခုံးများတွန့်ချိုးကာ သူမေးသည်။ အမြဲတမ်းသူက သာမန်လူတစ်ယောက်လိုဖြစ်အောင်ပဲ နေနေတာ။ အတန်းထဲတွင် စာအတော်ဆုံးထဲလည်းမပါ အညံ့ဆုံးထဲလည်းမပါအောင် သူ နေခဲ့သည်။
KAMU SEDANG MEMBACA
Eaftós Mania [OwnCreation]
AcakLove yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's what he said.