The Truth

2.1K 312 4
                                    

Zawgyi

"ခင်ဗျားရဲ့နောက်ဆုံးသားကောင်က ဘယ်သူလဲ..."

"မင်းက ဂရုစိုက်ခံရတာကို ကြိုက်တာလား ဂရုစိုက်ရတာကို ကြိုက်တာလား..."

ဆိုဖာခုံပေါ်တွင်ထိုင်ကာ အောက်ကြမ်းကော်ဇောပေါ်တွင်ထိုင်နေသည့် သူကို ခေါင်းသုတ်ပေးနေရင်းမှ ဆယ်ကျော်သက်ကောင်လေး ခန့်ငြိမ်းကို မျက်ခုံးပင့်၏။

သူ မေးသည့်မေးခွန်းကို တစ်ဖက်သူသည် အမေးဖြင့်သာ တုံ့ပြန်ခဲ့သည်။ တုံ့ပြန်သည့် မေးခွန်းသည်လည်း သူ ပြောသည့် စကားလမ်းကြောင်းနှင့် လားလားမျှမသက်ဆိုင်။

"ငါ့ရဲ့နောက်ဆုံး သားကောင်က Professor တစ်ယောက်..."

ဆယ်ကျော်သက်ကောင်လေးက သူ့မေးခွန်းကို ပြန်မဖြေသည်မို့ ခန့်ငြိမ်းကို အလျှော့ပေးကာ ချာတိတ်လေး၏ မေးခွန်းကိုအဖြေပေးရလေသည်။

ဘာပဲဖြစ်ဖြစ် သူက အကြီးပဲ အလျှော့ပေးလိုက်ပါမယ်။

"Professor က မိသားစု ရှိတယ်..."

"သြော်..."

"ဒါပေမဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်လည်းဖြစ် တပည့်ဟောင်းဖြစ်တဲ့ငါနဲ့အိပ်ဖို့လည်း ဝန်မလေးဘူး..."

ခေါင်းသုတ်ပေးခံရသည့် ခံစားချက်က ကောင်းနေသဖြင့် လူရွယ်ကောင်လေးသည် မျက်လုံးများသည် မှေးစင်းလာ၏။

"သူက... ငါနဲ့အိပ်ရတာကို သဘောကျတယ် အိမ်မှာဆိုရင် စံပြအဖေနဲ့စံပြယောကျာ်းတစ်ယောက် အဖြစ်လည်းနေတယ်..."

"အင်း..."

"ရယ်စရာမကောင်းဘူးလား သူတို့တွေက..."

"ရယ်စရာကောင်းတယ်လို့ ခင်ဗျားထင်တယ်ပေါ့..."

"အင်း လူဆိုတာ တကယ်တော့ ဥာဏ်ရှိချင်ယောင်ဆောင်တဲ့ သားရဲတွေမဟုတ်ဘူးလား..."

သူ ခပ်တိုးတိုးရယ်သည်။

"သူတို့က ကိုယ့်ကိုယ်ကို အသိဥာဏ်နဲ့ထိန်းချုပ်တယ်လို့ သူတို့ရဲ့မျိုးနွယ်တူတွေနဲ့အခြား သက်ရှိတွေရှေ့မှာပြောတယ် ဒါပေမဲ့ နောက်ကွယ်မှာ သူတို့က သားရဲတွေလိုပဲပြုမူကြတယ်..."

လူလတ်ပိုင်းအရွယ်ခန့်ငြိမ်းကိုသည် စကားကို ခဏရပ်သည်။ ခေါင်းသုတ်ပေးခြင်းမရှိတော့သော်လည်း သူ့ခေါင်းပေါ်တွင် ရှိနေသေးဆဲ တဘက်နှင့်လက်တစ်စုံကို သူ့လက်တစ်ဖက်စီနှင့် လှမ်းကိုင်၏။ ခေါင်းကိုလှန်မော့ကာ ဆယ်ကျော်သက်ကောင်လေးကို သူ ကြည့်သည်။

Eaftós Mania [OwnCreation]Where stories live. Discover now