Zawgyi
"အနာဂတ်မှာ ငါ စိတ္တဇလူသတ်သမား တစ်ယောက်ဖြစ်နေတယ်..."
သူ့လက်များထဲမှ ကိုယ်လုံးလေးသည် ဆတ်ခနဲတုန်သွား၏။ ကြောက်ရွံ့ခြင်းကြောင့် တုန်သွားခြင်းမဟုတ်သည်ကို သူ ကောင်းကောင်းသိသည်။ ဖြူဝင်းသော လည်ကုပ်ကိုကြည့်ကာ သူ နှုတ်ခမ်းများကို လျှာဖြင့်သပ်၏။
"မင်းလည်း ခံစားရတယ်မဟုတ်လား..."
ဖြူဝင်းသောလည်ကုပ်တွင် သူ့လက်များကို ထားကြည့်ချင်သည်။ ထိုလည်တိုင်တွင် သူ့လက်ချောင်းရာများထင်မည်လား။ သူ့ကိုယ်သူ အမြဲတမ်း ပြုလုပ်ကြည့်တာတော့ ထင်လေ့ရှိသည်။ ထို့အတွက် ယခု သူ့ရဲ့ဆယ်ကျော်သက်လေးကို လုပ်ကြည့်လျှင်ရော။
ထိုအတွေးက သူ့ကို အာခြောက်လာသလို ခံစားရစေသည်။
"မင်းခံစားရတယ်မဟုတ်လား..."
ပြောပြီးသားစကားခွန်းကို ထပ်ပြောကာ သူ့နှာခေါင်းကို လည်ကုတ်တွင် ဖိကပ်၏။ သူ့ကိုယ်သင်းနံ့သည် သူ့စိတ်၏ လျစ်ဟာမှုကို ဖြည့်ဆည်းပေးသည်။
ခန့်ငြိမ်းကို သူ့ကိုယ်သူသာ ရယ်ချင်နေတော့၏။ ဂရုစိုက်ပေးလို၍၊ပျော်ရွှင်စေချင်၍ လာသည်ဟု သူဆိုသည်။ သူ့ရဲ့ဆယ်ကျော်သက်လေးက ပျော်ရွှင်လားမပျော်ရွှင်လား သူ မသိ။ သို့သော် သူကတော့ လစ်ဟာသည့် ခံစားချက်သည် တဖြည်းဖြည့် လျော့ပါးလာသည်ဟု ခံစားရသည်။
တကယ်ပဲ သူက လူတွေပြောပြောနေတဲ့ ပုံမှန်မဟုတ်တဲ့သူတစ်ယောက်ထင်ပါရဲ့။
ထိုသို့တွေးနေရင်း သူ့မျက်လုံးထဲတွင် ခန္ဓာကိုယ်အချို့ကို မြင်ယောင်သွားခဲ့သည်။
အင်း... ဟုတ်တယ် သူက ပုံမှန်လူတစ်ယောက် မဟုတ်ခဲ့ဘူး။ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။
"စိတ်ထဲမှာ လစ်ဟာနေတာလေ..."
နှာခေါင်းဖြင့်ဖိကပ်ထားရာမှ ဖိကပ်မှုကို နှုတ်ခမ်းဖြင့် သူပြောင်းပြု၏။
လက်များတွင်းရှိ ကောင်ကလေးက ငြိမ်သက်နေဆဲ။
"ဟေး..."
သူ့နှုတ်ခမ်းများနှင့်လည်ကုပ်ကွာသွားချိန်တွင် လည်ကုပ်တွင် အနီစက်တစ်ခု။
YOU ARE READING
Eaftós Mania [OwnCreation]
RandomLove yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's what he said.