Zawgyi
ချစ်ခြင်းသည် ခုနစ်မျိုးရှိသည်ဟု ဂရိတို့သည် ဆိုကြ၏။
Eros ပြင်းပြသည့် ရမက်ပါဝင်သော ချစ်မြတ်နိုးခြင်း။
Philia ရင်းနှီးကျွမ်းဝင်ပြီး စစ်မှန်သည့် မိတ်ဆွေအပေါင်းဆန်သည့် ချစ်ခြင်း။
Ludus ပရောပရီပြုပြီး လေးနက်ခြင်းမ၇ှိသည့် ချစ်ခြင်း။
Storge တဖန်ပြန်လှန်မျှော်လင့်ခြင်းမရှိဘဲ မိသားစုဝင်သဖွယ်ချစ်ခြင်း။
Philautia မိမိကိုယ်ကိုချစ်ခြင်း။
Pragma အတူနေထိုင်မည်ဟု ကတိကဝတ်ပြုခြင်းဆန်သည့် ချစ်ခြင်း။
Agape ဖြူစင်ကိုယ်ချင်းစာသည့် အရာအားလုံးကို မျှတစွာချစ်မြတ်နိုးသည့်ချစ်ခြင်း။
အချို့သည် ချစ်ခြင်းသည် ထိုခုနစ်မျိုးနှင့်အထက် ရှိသည်ဟုဆိုကြသည်။
စင်စစ် အချို့က Mania ဟုဆိုသည့် စွဲလမ်းတပ်မက်သည့် ချစ်ခြင်းလည်းရှိသည်ဟု ဆိုကြသေးသည်။
"Mania"
ခန့်ငြိမ်းကိုသည် ထိုစကားလုံးကို ခပ်တိုးတိုးရေရွတ်၏။
"ဘာလို့လဲ..."
ဆယ်ကျော်သက်ကောင်လေး စာလုပ်နေသည်ကိုကြည့်နေရင်းမှ လူလတ်ပိုင်းအရွယ်ခန့်ငြိမ်းကိုသည် မေးလေ၏။
"ခင်ဗျားကို ကျွန်တော် အရမ်းအရမ်း သဘောကျတယ်ဆိုတာကို ခင်ဗျားသိတယ်မဟုတ်လား..."
လူလတ်ပိုင်းအမျိုးသားသည် အလစ်အငိုက်တိုက်ခိုက်ခံရသည့်သူတစ်ဦးအလား ငြိမ်ကျသွား၏။ သူတို့၏ ဆက်ဆံရေးက ဘာကြောင့် ထိုသို့ဖြစ်လာမှန်း သူ့ကိုယ်သူလည်း မသိတော့။ ရယ်ပဲရယ်ရမလား၊ ငိုပဲငိုရမလားလည်း သူ မပြောတတ်တော့ချေ။
ဂရုစိုက်ရတာကြိုက်သလို၊ ဂရုစိုက်ခံရတာလည်း ကြိုက်သည်ဟု ထိုကောင်လေးသည် ဆိုခဲ့သည်။ သို့သော် ထိုအရာတို့သည် သူ့ထံမှ ဖြစ်တည်လာမှ နှစ်သက်သည်ဟုလည်း ထပ်လောင်းပြောခဲ့သေးသည်။
"လူတွေက ကိုယ့်ကိုယ်ကို ချစ်တတ်ကြတယ်မဟုတ်လား..."
ခဲတံကို နှုတ်ခမ်းနားတွင်တေ့ရင်းမှ ထိုကောင်လေးသည် စကားကိုပြင်ပြောသည်။
YOU ARE READING
Eaftós Mania [OwnCreation]
RandomLove yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's what he said.