Zawgyi
သူသည် သူ့မိဘများ၏ မတော်တဆမှုဖြစ်သည်။
သူ့မိဘများသည် သူ့ကိုမလိုချင်။
ဘယ်သူကမှလဲ သာမန်မဟုတ်တဲ့ ကလေးတစ်ယောက်ကို လိုချင်မယ်လို့ သူ မထင်ပါဘူး။
သူ့မိခင်က နာမည်ကြီးသရုပ်ဆောင်တစ်ဦးဖြစ်ပြီး သူ့ဖခင်သည် အခြားသောအမျိုးသမီးတစ်ဦး၏ ခင်ပွန်းဖြစ်သည်။
သူဖြစ်တည်လာချိန်က သူ့မိခင်နှင့်သူ့ဖခင်သည် တစ်ဦးနှင့်တစ်ဦး ပြင်းထန်စွာ ပြစ်တင်ခဲ့ကြ၏။ သူ့ကိုအကြောင်းပြပြီး ချုပ်ကိုင်ဖို့ကြိုးစားသည်ဟု သူ့ဖခင်သည် ဆိုသည်။ သူ့မိခင်သည် နာမည်ကြီးဖြစ်သည်မို့ သူမ အနေနှင့်ချုပ်ကိုင်စရာအကြောင်းမရှိဟု ပြန်ချေပသည်။ သူတို့၏ တိုက်ပွဲသည် အတော်ကြာခဲ့၏။ အခြားသော စွဲချက်များလည်း ရှိသေးသည်။ ထိုအမျိုးသားက သူသည် သူ့သွေးသားမဟုတ်ဟုလည်း ဆိုသေးသည်။
ထိုကိစ္စနှင့်ပတ်သက်၍...
သူ့မိခင်ကိုယ်တိုင်လည်း သူက ထိုအမျိုးသား၏ သွေးသားဟုတ်မဟုတ်ဆိုသည်ကို မသေချာ။
ဘယ်လိုပဲဖြစ်နေပါစေ သူ့မိခင်သည် သူ့ဖခင်က မည်သူလဲဆိုသည်ကို နည်းနည်းလေးတောင် စိတ်ဝင်စားခြင်းမရှိ။
သူ့ဖြစ်တည်မှုကို အကြိမ်ကြိမ် သူမသည် ကြိုးစားဖယ်ထုတ်သည်။ အကြိမ်တိုင်းလည်း မအောင်မြင်ခဲ့။
ထို့အတွက် သူမသည် သူ့ကို အသက်ပြင်းသည့်မကောင်းဆိုးဝါးလေးဟု မကြာမကြာဆဲရေးတတ်သည်။
လူတို့၏ စိတ်သည်ထူးဆန်းသည်။ မည်မျှကြိုးစားပါစေ မရရှိသည့်အခါတွင် သူတို့၏ စိတ်သည် သူတို့ကို လက်ခံရန် ထိန်းညှိပေး၏။
ယခုကိစ္စတွင်လည်း ထိုအတိုင်းသာဖြစ်သည်။ သူမပြောသလို အသက်ပြင်းသည့်မကောင်းဆိုးဝါးလေး သူ့ကို သူ့မိခင်သည် ဖယ်ထုတ်ရန်မကြိုးစားတော့။
အနားယူသည်ဟူသောအကြောင်းပြချက်ဖြင့် သူမသည် လူတို့၏ မျက်လုံးမှ ကွယ်ပျောက်သွားခဲ့သည်။
သူ့ဖခင်ဆိုသူက သူ့မိခင်၏ ခန္ဓာကိုယ်ကို မပြတ်နိုင်ခြင်းကြောင့် သူတို့သည် တိတ်တဆိတ်တွေ့ဆုံဖြစ်ကြသေး၏။ ထိုအမျိုးသားသည် သူ့မိခင်၏ ခန္ဓာကိုယ်ကို တပ်မက်သလို သူ့မိခင်သည်လည်း ထိုအမျိုးသား၏ ခန္ဓာကိုယ်ကို တပ်မက်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်အတွက် တစ်ယောက်ထုဆစ်ထားကြသည့် သူများလို။ ကံမကောင်းသည်က သူတို့၏ ခန္ဓာကိုယ်များသည်သာ တစ်ယောက်နှင့်တစ်ယောက် သင့်တော်ကြခြင်းဖြစ်ပြီး သူတို့၏ စိတ်ကူးစိတ်သန်းများသည် တစ်ဦးနှင့်တစ်ဦး ထပ်တူမကျခဲ့ကြ။
VOUS LISEZ
Eaftós Mania [OwnCreation]
AléatoireLove yourself... we usually talk to each other. So what abt we love ourself with Obessive love. The only one who can fill my void is me. That's what he said.