တမာန်တော်ရဲ့ပျော်တော်ဆက်

6.5K 359 8
                                    

ဆက် စာလုပ်ဖို့ဆိုပြီး မေမေကြီးအား ပြောကာ တမာန့်ဆီထွက်ခဲ့သည် အိမ်မှာပဲစာလုပ်မယ်ဆို စာလုပ်ရမှာကို မဟုတ်ပေ မမလေးကခိုင်းလိုက် မမကြီးကခိုင်းလိုက်နှင့်ပင်ဖြစ်နေမှာ ဒါတောင်မေမေကြီးဘေးမှာ ဦးလေးရှိနေလို့ ထွက်လာလို့ရခြင်းပင် မေမေကြီးကတော့ မျက်စောင်းတခဲခဲနှင့်

*တမာန် တမာန်တော်*

*အော် သားလေး လာလာ တမာန်ကအပြင်ခနသွားခိုင်းထားလို့ လာ သားလေးလာ*

တမာန့်အဒေါ်က တမာန့်ကိုသာ သိပ်မကြည်တာ ကျနော့်ကိုတော့ တော်တော်လေးချစ်သည် ဒေါ်လေးမေက ကျနော့်ကို အိမ်ပေါ်သို့ တက်ခိုင်းပြီးသူကျနောက်ဖေးဘက်သွားလေပြီ ကိုယ့်ဘာသာပဲ တမာန့်အခန်းထဲ ဝင်ကာ စာအုပ်တွေစီပေးနေလိုက်သည်

ငယ်ငယ်ကထဲက ဝင်ထွက်နေကြအိမ်ဖြစ်သည့်အတွတ် တစ်အိမ်လုံး ကျနော်မရောက်ဖူးသည့်နေရာမရှိ ရှုပ်ပွနေသော တမာန့်စာအုပ်တွေကို စီပေးရင်း စာအုပ်အနက်ပိစိလေးက ထွက်ကျလာလေသည် သူများပစ္စည်းမကြည့်သင့်မှန်း သိပေမယ့် ကျနော်ထိုစာအုပ်လေးကိုဖတ်ချင်လာ၍ ဖွင့်ဖတ်လိုက်သည်

*ဟမ် တ တမာန်က *

စာရွက်သေးသေးလေးတွေတစ်ရွက်ကို စာတစ်လုံးကျဖြင့် တစ်အုပ်လုံးကိုဖတ်ကြည့်လိုက်လျှင် ဆက်လေးကို အရမ်းသည်တဲ့ ဆက် ဆက်လေးက ဘယ်သူဖြစ်နိုင်မလဲ?

*ပျော်တော်ဆက်!!!

ဆက် အော်သံကြောင့်တွေးနေရာမှ အသိဝင်လာကာ အခန်းဝကိုကြည့်လိုက်တော့ တမာန်တော် တမာန့်ရဲ့အကြည့်တွေက ကျွန်တေိာ့ဆီမှာ မရှိ ကျွန်တော့်လက်ထဲက စာအုပ်သေးသေးလေးဆီတွင်ရောက်နေလေသည်

*မင်းဖတ်ပြီးပြီပေါ့*

အစကစိတ်တိုနေသယောင်ပေမယ့် အနားကိုရောက်လာပြီး စာအုပ်ကို ပြန်ဆွဲယူကာ ကျွန်တော့်ဘက်တည့်တည့်လှည့်ထိုင်လေသည် အကျီစွပ်ကျယ်နှင့်ဒူးလောက်ဘောင်းဘီအနက်လေးဝတ်ထားတဲ့ တမာန်က အရမ်းခန့်ညားလွန်းနေသည်

*ဟို ဟို ငါ ငါကမတော်တဆ ကြည့် ကြည့်မိသွားတာ တောင်း တောင်းပန်ပါတယ်*

တမာန်တော်ရဲ့ပျော်တော်ဆက်Where stories live. Discover now