*လာ ဘာမှမကြောက်နဲ့ ငါရှိတယ်*
ဆက် တမာန်ခေါ်လို့သာ လိုက်လာရတာ အိမ်ကြီးအခြေအနေကိုကြည့်ပြီး ပြန်ပြီးပြေးထွက်ချင်သွားသည် အိမ်ကြီးက မမလေးတို့ မေမေကြီးတို့ ကကည့်တဲ့ဇာတ်ကားတွေထဲက အိမ်ကြီးအတိုင်းပင် အလုပ်သမားတွေကလဲမြက်ရိတ်သူရိတ် ပန်းအိုးရွေ့သူရွေ့နှင့် အများကြီးပင်
တမာန်ကလည်း တီရှပ်အဖြူကို ဘောင်းဘီအနက်အရှည်နှင့်တွဲဝတ်ထားပြီး အရင်ကခပ်ညစ်ညစ်ဆံပင်တွေက အခုတော့ နောက်လှန်ဖြီးထား၍ ကြည့်ကောင်းသည်ဆိုတာထက် ရင့်ကျတ်ပြီး တည်ငြိမ်လွန်းလှသည်
*ဆင်းလေ ဘာတွေတွေးနေတာလဲ မင်းဘေးမှာငါရှိတယ် မင်းကိုဘယ်သူမှအထင်သေးတဲ့မျက်လုံးနဲ့မှမကြည့်စေရဘူး*
*အင်း ငါ ငါ နဲနဲကြောက်နေလို့*
တကယ်ပါ ဘာမပြောညာမပြောနဲ့ရပ်ကွက်ထဲကို ရောက်လာပြီး သူ့ဒေါ်လေးအိမ်တောင်အရင်မဝင်ပဲ ကျနော့်ဆီတန်းရောက်လာပြီး ခေါ်လာခြင်းပင်
မေမေကြီးနဲ့မမကြီးတို့ကတော့ တမာန် တမာန်နဲ့ထွေးနေလေသည် အေးလေ အခုအခြေအနေကလဲ အရင်ကတမာန်တော်မှမဟုတ်တာ မမလေးကဆို အတင်းတွေရောနေလေသည် ကျနော့်ကိုခေါ်လာတော့ တညဒီအိမ်မှာအိပ်ခိုင်းမှာဆိုပြီးပြောလိုက်တော့ မမလေးတို့မျက်နှာတွေရှုံ့မဲ့ကုန်သည် ဒါပေမယ့် မထည့်ပေးလို့လဲ မဖြစ်၍ ထည့်ပေးလိုက်ခြင်း
*ပျော်တော်ဆက် ငါပြောနေတာကောကြားလား*
*ဟမ် ဟမ် ဘာ ဘာလဲ*
အခုမှအခြေအနေကိုကြည့်လိုက်တော့ အလုပ်သမားတွေက ကားတံခါးကြီးကိုင်ပြီးရပ်နေသည့် တနာန့်ကိုအံ့ဩသလိုကြည့်နေကြလေသည် ကားပေါ်ကဘယ်သူလဲဆိုတာ စိတ်ဝင်စားနေကြပုံပင်
*ဆင်းခဲ့လို့ လာ*
တမာန်ပေးသည့်လက်ကိုဆွဲကာ ဆင်းခဲ့လိုက်သည် အခုအခြေအနေကြီးက မသိလျှင်သတို့သားကသတို့သမီးကိုလက်လှမ်းနေသည့်အတိုင်းပင်
အိမ်ထဲကျတော့ခြေချရက်စရာပင်မရှိ ကြမ်းပြင်ကပြောင်လက်ကာ မှန်တောင်ကြည့်လို့ရသည် ကျနော့်မှာ မစီးရက်၍ ဖိနပ်ချွတ်မည်လုပ်တော့ အလုပ်သမားတယောက်က ကျနော့်ရှေ့အိမ်ထဲဝင်သည့် ဖိနပ်အမွှေးပွလေးလာချပေူလေသည်
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Jugendliteraturအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...