အစည်းအဝေး လုပ်နေတုန်း ဖုန်းက ခနခနလာနေ၍ အကုန်လုံးလဲ မျက်နှာပျက်နေကြလေသည်။ ဆက် ဖုန်ူးကို contact nameမကြည့်ပဲ မြန်မြန်ကိုင်လိုက်သည်။
*ဟယ်လို*
*သားလေး တမာန် သတိရလာပြီ*
*ဗျာ..ဗျာ အ..အခု လာခဲ့မယ် မေမေ*
ဆက် ထိုင်နေရာမှ ထကာ အခန်းထဲက ဝရုန်းသုန်းကား ပြေးထွက်သွားသည်။အကုန်လုံးကလဲ အလန့်တကြားဖြင့် မျက်လုံးတွေ ပြူးကုန်ကြလေသည်။
*အကုန်လုံးကို တောင်းပန်ပါတယ်*
မုန်းမာန်လဲ အနောက်ကနေ ခပ်သုတ်သုတ်ပြေးလိုက်ကာ ကားပါကင် ရောက်ခါနီးတွင် ဘေဘီ့ကို မှီလေသည်။
*ဘယ်သွားမလို့လဲ အစည်းအဝေး..*
*ဆေးရုံကို မြန်မြန်လိုက်ပို့ပါ*
မုန်းမာန်သည် ပြာယာခတ်နေသည့် ဘေဘီ့ပုံစံကြောင့် ကားတံခါးကို အမြန်ဖွင့်ပေးလိုက်ရသည်။
*ဘာဖြစ်လို့လဲ*
*တ..တမာန် သတိရလာပြီတဲ့*
မုန်းမာန် တစ်ကိုယ်လုံး လေဟာနယ်ထဲသို့ လွင့်ထွက်သွားသည့်အတိုင်းပင်။ သူ ဘေဘီ့နားမှာ နေလို့ မဝသေးဘူးလေ။ ပိုင်ရှင်က ပြန်လာတောင်းနေပြီတဲ့လား။ မင်းလေး ပျော်ဖို့ ဘယ်လောက် ချစ်တဲ့ အကြောင်းတွေ မြိုသိပ်ပေးပါ့မယ်။
*ငါ့ကို မှတ်မိပါ့မလားဟင်*
*မှတ်မိတာပေါ့ သူက ဆက်လေးကို အရမ်းချစ်တာကို*
အချစ်က သွေးအေးအေးနဲ့ ရက်စက်တတ်တဲ့ သွေးအေး လူသတ်သမား
____________________
*ကိုကို*
ဆေးရုံခန်းထဲရောက်သည်နှင့် မေမေတို့နှင့် စကားပြောကာ ရယ်နေသော ကိုကို့ဆီသိူ့ အင့် ခနဲနေအောင် ပြေးဖက်လိုက်သည်။သူ ဘယ်လောက်လွမ်းနေလဲ သူသာသိနိုင်သည်။
*အချစ်*
*ငါ ဘယ်လောက် လွမ်းနေလဲသိလား အကြာကြီး ..အကြာကြီး အိပ်နေတာ ငါ့မှာ သေမလိုပဲ*
တမာန် သူ့ခါးကို တင်းနေအောင်ဖက်ကာ ရှိုက်ကြီးတငင်ငိုနေသော အချစ်ကိုယ်လေးကို ဖက်ထားလိုက်သည်။ ကိုယ်လဲ အရမ်းလွမ်းနေခဲ့တာပါ အချစ်ရယ်။
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Teen Fictionအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...