တမာန်တော်ရဲ့ပျော်တော်ဆက်

5.2K 300 16
                                    

*TAMARM TAW အင်ပါယာစု၏သား ကလပ်တွင် ရန်ဖြစ်*

*MARM Company၏ သူဋေး ကလပ်တွင် ရိုက်နှက်မှု ဖြစ်ပွား *

ဆက် မေမေကြီးတိူ့မရှိတုန်း TVခနဖွင့်လိုက်စဉ် သတင်းတွေ၌ တမာန်ရန်ဖြစ်သည်ါကိစ္စတွေတက်နေလေသည် အဲ့နေ့က တမာန့်လူတွေ သတင်းမရအောင် တားဆီးနေသည့်ကြားမှ ဒီသတင်းက ဘယ်လိုပေါက်ကြားသွားမှန်းမသိ

*ဟုတ်ကဲ့ပါရှင့် အခုလက်တလော ဖြစ်ပွားနေသည့် တမာန်တော်အင်ပါယာစုမှ ဆက်ခံသူဟာ မနေ့ညတွင် ကလပ်၌ ရိုက်နှက်မှုဖြစ်ပွားခဲ့ပါသည် ကောင်လေးတစ်ယောက်ကို ဝင်ကယ်ရာမှ ဖြစ်ပွားခဲ့သည်ဟု သိရှိခဲ့ရပါသည်ရှင်....*

ဆက် TVကိုပိတ်ကာ အခန်းထဲကဖုန်းဆီသို့ အလျင်အမြန်ပြေးလိုက်သည် သူ တမာန့်ဆီဖုန်းဆက်ရမည် ဆက် ဖုန်းကိုဖွင့်လိုက်သည်နှင့် ဝင်လာသည့် messageကြောင့် အိမ်အပြင်ဘက် ထွက်လာလိုပ်သည်

တမာန်က သူတို့အိမ်ကကားကိုလွှတ်လိုက်မယ် လိုက်ခဲ့ဆို၍ အဝတ်အစားတောင်မလဲနိုင်ပဲ ဖုန်းကိုကိုင်ကာ မမထိုင်တောင်မထိုင်နိုင်ပဲမျှော်နေမိသည် တမာန် အဆင်ရော ပြေပါ့မလား ထိုစဉ် အိမ်ရှေ့ကားတစ်စီးရပ်လာကာ လူတယောက်ထွက်လာပြီး ကားတွခါးဖွင့်ပေးသောကြောင့် အလျင်အနြန်ဝင်ထိုင်လိုက်သည်

*ကိုယ်စောင့်နေတာ လာ*

တမာန်တို့အိမ်ရောက်သည်နှင့် ကားပေါ်ကဆင်းလိုက်တော့ တမာန်က အိမ်အဝကနေစောင့်နေကာ လက်ဆွဲပြီး အကေါ်ထပ်သို့ ကျနော့်ကိုခေါ်သွားလေသည် တမာန့်ဖေဖေနဲ့မေမေကိုနှုတ်တောင်မဆက်လိုက်ရပေ

*အချစ်ဆီကို သတင်းထောက်တွေလာကြသေးလား အချစ်ဓာတ်ပုံတော့မပါသွားပါဘူး အချစ်အဆင်ရောပြေရဲ့လား ကိုယ်သတင်းတွေကို ပိတ်ခိုင်းထားတယ် အရမ်းလန့်သွားလား အချစ် ရေသောက်အုံးမလား*

သူတယောက်ထဲပြာယာခတ်ကာ စိတ်ပူလွန်နေသည့် ကျနော်တောင် အံ့ဩသွားရသည် ကျနော်ကသူ့အတွတ် သူ့မိသားစုအတွတ် စိုးရိမ်လွန်နေသော်လည်း သူကကျနော့်အတွတ် စိတ်ပူကာနေလေသည် ကျနော့ရှေ့ကို ရေခွက်ငှဲ့လာကာ လာပေးသည့် သူ့လက်ကို ဆွဲယူကာ နှုတ်ခမ်းလေးကို နမ်းလိုက်လေသည်

တမာန်တော်ရဲ့ပျော်တော်ဆက်Where stories live. Discover now