*မင်း ငါ့ကို ဘယ်ကို ခေါ်လာတာလဲ မုန်းမာန်*
*ပြစရာရှိလို့ပါ ဘေဘီရဲ့ ခနပါပဲ!*
*မရဘူး ခုပြန်ပို့ *
မုန်းမာန် စိတ်မရှည်သလို အမူအရာဖြင့် ဘေဘီ့ဘက်ကို လှည့်ကြည့်လိုက်သည်။ အမှန်ပြောရရင် ဘေဘီ့ကို ဟိုကောင်နဲ့ ပြဿနာ ဖြစ်နေတုန်းပဲ သူ ရအောင် ခေါ်နိုင်မည်ဆိုတာ သိသည်။
*ပြန်ပို့လို့ ပြောနေတယ်နော် ခုတင် မြို့ပြင်ရောက်နေပြီ ငါမလိုက်ချင်တော့ဘူး ခုပို့!*
*မပို့ဘူးကွာ ! ဘေဘီ့ ကိုယ့်ကို စိတ်တိုအောင် လာမလုပ်နဲ့နော်*
မုန်းမာန် သူ့အား မျက်ရည်တွေဖြင့် ကြည့်နေသော ဘေဘီ့အား မမြင်ယောင်ဆောင်လိုက်သည်။ ဗီလိန်ဖြစ်ပြီးမှတော့ သူ အဆုံးအစွန်ထိ ယုတ်မာရတော့မှာပေါ့။
*မုန်းမာန် ငါတောင်းပန်ပါတယ်ကွာ ငါ မင်းကို မချစ်ဘူး ငါချစ်တာ တမာန်ပဲ မုန်းမာန် ငါ့ကို သူ့ဆီပြန်ပို့ပေးပါ*
*ကျွီ!! *
*တော်လိုက်တော့ ဘေဘီ!!*
လမ်းဘေးကို ကားကတရကြမ်း ရပ်လိုက်၍ ဆက် လန့်သွားရသည်။ မုန်းမာန်ကို ကြည့်လိုက်တော့ သူ မထင်ထားသည့်အပြုအမူဖြင့်။ ဆက် ခေါင်းတွေ ခါယမ်းကာ မျက်ရည်တွေကျလာသည်။ ကားတံခါးကို ဖွင့်နေသော်လည်း လော့ခ်ျချထား၍ အချည်းနှီးပင်။
*မုန်းမာန် ငါ..ငါ တောင်းပန်ပါတယ် အင့်! အွတ်!*
*အဟင့် ဖယ်..ဖယ်ပေးပါ ပြွတ်စ်!*
စကားအပြောမခံပဲ အပေါ်ကနေ အုပ်မိုးကာ အနမ်းကြမ်းတွေပေးနေသည့် မုန်းမာန်ကြောင့် သူ မလွှတ်နိုင်မှန်းသိတော့သည်။ လက်တွေဖြင့် ထုရိုက်နေသော်လဲ ဘယ်လိုမှ မလွတ်နိုင်ပေ။
*ချစ်လို့ပါ!*
*မပြောနဲ့ မင်းလိုလူပါးစပ်က ချစ်တယ်ဆိုတာ မထွက်နဲ့!*
အပေါ်ပိုင်းက အဝတ်တွေကို ဖြဲပစ်ကာ အနမ်းတွေပေးနေသည့် သူ့ကို လက်တွေဖြင့် ထုရိုက်နှက်တော့သည်။
*ဝုန်း!!*
သူ့အပေါ်မှ မုန်းမာန်သည် မောင်းသူဘက်သို့ ပြန်ရောက်သွားအောင် တစ်စုံတစ်ရောက်က ကန်ထုတ်လိုက်လေသည်။ ဆက် ကယ်တင်ရှင်ကို မော့ကြည့်လိုက်တော့ သူတို့အား စူးရဲစွာ ကြည့်နေသည့် တမာန်။
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Teen Fictionအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...