တမာန်တော်ရဲ့ ပျော်တော်ဆက်

2.7K 235 5
                                    

*အဆင်ပြေပါ့မလားဟင် ကိုကို*

*ကိုယ်ရှိတာမို့ မင်းကြောက်စရာမလိုဘူး အချစ် ဘာဖြစ်လာလာ ကိုယ်ရှေ့က ရှိနေပေးမယ်*

ဒီနေ့သည် ကိုကိုနှင့်သူ၏ စာနယ်ဇင်းရှင်းလင်းပွဲ။လူတွေလဲ အများကြီး ရှိနေသလို သတင်းထောက်တွေပါ ရှိနေ၍ သူ နေရခက်သည်။ ကိုကိုကတော့ လက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ပေးထားကာ သူ ကိုကို့အနောက်ကနေ ခပ်ကုပ်ကုပ်လေး လိုက်လာသည်။

*မကြောက်နဲ့ ကိုယ်ရှိတယ်*

ကင်မရာမီးတွေ တစ်ဖျတ်ဖျတ်ရိုက်နေ၍ သူ မျက်နှာကို ကိုကို့ကျောဖြင့် ကာထားလိုက်သည်။ သူ ကြောက်မှာဆိုး၍ ကိုကို ရှိတယ်ဆိုတာကို တစ်ဖွဖွ ရွတ်နေလေသည်။

*လာ အချစ်*

ကိုကိုက သူထိုင်ဖို့ ခုံကို ဆွဲထုတ်ပေးလိုက်၍ အကုန်လုံးက ဟင် ဟာ ဖြစ်ကုန်ကြသည်။ သူကသာ ကိုကို ဝန်မခံခဲ့၍ စိတ်တိုခဲ့ရတာ။သူကိုယ်တိုင်တောင် ဒီလိုအခြေအနေဆို ကိုကိုကရော။ သူ တစ်ကယ် ဆိုးခဲ့တာပဲ။

*ကိုတမာန်နဲ့ ဒီကအစ်ကိုနဲ့က တွဲနေတယ်ဆိုတာ ဟုတ်ပါသလား*

မီဒီယာသမားတွေ၏ တည့်တိုးမေးခွန်းကြီးကြောင့် ဆက် ကိုကို့ကို မော့ကြည့်လိုက်တော့ ကိုကိုက ရယ်နေလေသည်။ ရှက်နေသည်လား? ရယ်နေသည်လား မသဲကွဲ။

*ဟုတ်ပါတယ် သူနဲ့တွဲနေတာပါ*

*ဘယ်အချိန်ကထဲကလဲရှင့် ကိုတမာန် ခုလို အခြေအနေရောက်မှတွဲကြတာလား?*

အင်တာဗျူးမေးသည့် အစ်မကို ကိုကိုကကြည့်ကာ ဟားတိုက်ရယ်လေသည်။ ကိုကိုမပြောနှင့် ဒီမေးခွန်းက ဘယ်ကို သွားနေသည်ဆိုတာ သူအသိဆုံး။

*ခင်ဗျားတို့ ကြားရင် အံ့ဩကုန်လိမ့်မယ် အချစ်နဲ့တွဲနေတာက ကျနော် ဒီအခြေအနေမရောက်ခင် အိမ်မပိုင် ပိုက်ဆံဆိုတာ လက်ထဲ ၂၀၀လောက်ရှိကထဲကဗျ*

ထိုမေးနေသည့် အစ်မ၏ မျက်နှာက တစ်ချက်ပျက်သွားပေမယ့် ကျန်တဲ့လူတွေက အားကျသည့် မျက်နှာတွေဖြင့်။

*ဒါဆို ဒီဘက်က အကိုကို မေးခွန်းလေး မေးလို့ရမလား*

*ရပါတယ်ဗျ*

တမာန်တော်ရဲ့ပျော်တော်ဆက်Where stories live. Discover now