*ဒီတစ်ခါတော့ တစ်ကယ် လက်ထပ်ရပြီ*
ကိုကို့၏ အရွှန်းဖောက်စကားကြောင့် မေမေတို့ပါ ရယ်လေတော့သည်။အရာအားလုံး အခုမှအခြေတစ်ကျ ဖြစ်သွားလေတော့၏။ မုန်းမာန်က သူတို့ လက်ထပ်ပွဲကို မတက်ရောက်ဖူးလုပ်နေ၍ အတင်း ခေါ်ရသေးသည်။
*ကိုယ့်အချစ်က တစ်ကယ် ချောတယ်*
ကုတ် အဖြူလေးနှင့် ကိုကိုကလဲ အရမ်းခန့်သည်။ ကိုကို သတိမေ့နေတုန်းက သူ အပြာကြိုက်သည်လို့ ပြောခဲ့၍ အပြာ ယူမယ်လုပ်နေသောကြောင့် သူ တားယူရသေးသည်။ မီဒီယာ သမားတွေလဲ ရောက်နေသလို ပွဲလာသည့် ပရိတ်သတ်တွေကလဲ အများကြီးပင်။
*ကြောက်နေပြန်ပြီလား*
သူ့နားကို တိုးတိုးလေး ကပ်ကာ မေးလိုက်သော ကိုကိုကြောင့် သူ ခေါင်းညိမ့်ပြလိုက်သည်။ မေမေတို့ကတော့ စကားပြောနေကြကာ သူတို့ကို သိပ်တော့ဂရုမထားပေ။
*မကြောက်နဲ့ ကိုယ်ရှိတယ် *
*ဟို သတို့သား နှစ်ယောက် ဘာတွေ တကပ်ကပ်လုပ်နေကြတာလဲ အပြင်ထွက်ရတော့မှာလေ*
ဧည့်သည် အန်တီကြီးတစ်ယောက်၏ စကားကြောင့် ဆက် ရယ်မိသွားသည်။ ကိုကိုက ခန်းမဆီသို့ အရင်သွားကာ ဆက်က ဦးလေး လာခေါ်မည်ကို စောင့်နေလိုက်သည်။
*သွားရအောင် ကလေး*
ဦးလေး၏ ခေါ်ဆောင်မှုဖြင့် သူ ခန်းမထဲသို့ လှမ်းတင်လိုက်သည်။ အကုန်လုံး၏ အားကျသည့် အကြည့်တွေနှင့်အတူ ဓာတ်ပုံတွေရိုက်နေကြ၍ ဆက် မနေတတ်တော့ပေ။
*ကိုယ်ရှိတယ်*
ကိုကို့နားသို့ အရောက် တိုးတိုးလေး ကပ်ပြောလိုက်၍ သူ ခေါင်းထပ်ညိမ့်လိုက်သည်။ ကိုကို့မေမေနှင့် ဖေဖေ၏ ပြုံးနေသည့် မျက်နှာကြောင့် သူ ကျေနပ်ရသည်။
*သတို့သားနှစ်ယောက် အကြင်နာပေးလို့ရပါပြီ*
ဖာသာ၏ အော်သံနှင့်အတူ အောက်ကပါ လက်ခုပ်တွေ ဝိုင်းတီးကြလေတော့သည်။ ကိုကို့နှုတ်ခမ်း၏ ခပ်ဖွဖွ အထိအတွေ့ကြောင့် သူ ကိုကို့ခါးကို တင်းနေအောင် ဆုပ်ကိုင်မိထားသည်။
YOU ARE READING
တမာန်တော်ရဲ့ပျော်တော်ဆက်
Ficção Adolescenteအခြားလူေတွဆီမှာ ဘုရင်လုပ်ရတာထက် ပျော်တော်ဆက်ဘဝရဲ့ တစိတ်တပိုင်းဖြစ်ရတာကို ငါကပိုသဘောကျတာ ဆက် #တမာန်တော် အခြားလူတွေရ့ဲအပြုအမူကို ကျနော်တုံ့ပြန်ဖို့မလိုဘူး ကျနော့်ရဲ့တမာန်တော်က အလိုလို တုံ့ပြန်ပေးသွားလိမ့်မယ် #ပျော်တော်ဆက် အရမ်းချစ်တတ်တဲ့ တမာန်တော်ကြ...